ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
“အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်ကျန်ရှိနေသေးသောတားမြစ် ကန့်သတ်ချက် များအားလုံးကိုရုပ်သိမ်းပေးခဲ့ခြင်း”
၁။ မြန်မာနိုင်ငံ၏အဓမ္မစေခိုင်းမှုပပျောက်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်၊ (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံနှင့် ၂၀ဝ၀ ပြည့်နှစ်၊(၈၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာညီလာခံတို့မှ မြန်မာနိုင်ငံအပေါ်တားမြစ် ကန့်သတ်သောဆုံးဖြတ်ချက်များချမှတ်ခဲ့ပါ သည်။ ယင်းဆုံးဖြတ်ချက်များ အနက်(၈၇) ကြိမ်မြောက်ညီလာခံမှချမှတ်ခဲ့သည့် တားမြစ်ကန့်သတ်ချက်များ အားလုံးနှင့် (၈၈)ကြိမ်မြောက်ညီလာခံမှချမှတ်ခဲ့သည့်တားမြစ်ကန့်သတ်ချက်အချို့ကို ၂၀၁၂ ခုနှစ်၊ဇွန်လတွင်ကျင်းပ ခဲ့သော (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှ ရုပ်သိမ်းပေးခဲ့ပြီးဖြစ်ပါသည်။
[download id=”146″]