အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မလေးရှားနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်ပြီးအကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့အပြီးပြန်လာသော မြန်မာ နိုင်ငံသား အလုပ်သမားများအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်လိုသော ဆန္ဒရှိပါက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်တွင်း၌အလုပ်လုပ်ကိုင်လိုသော အလုပ်သမားများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျသော အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ ဝန်ထမ်းကို ဖြစ်စေ၊ Complaint Mechanism Centre ဖုန်းအမှတ် ဝ၆၇-၄၃၀ဝ၇၉ သို့ ဖြစ်စေဆက်သွယ်ပြီး အလုပ်သမား တစ်ဦးချင်း အလိုက် ကျွမ်းကျင်မှုများဖော်ပြပြီး အလုပ်လုပ်ကိုင်လိုသည့် နေရာ၊ အလုပ်အမျိုးအစားဖော်ပြ၍ သတင်းပေးပို့ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။