၁။ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေဖြင့် SLOM-WG Work Plan 2026-2030 အောက်တွင် ASEAN Development Fund (ADF) ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် Expanded Application of the ASEAN Guiding Principles for Quality Assurance and Recognition of Competency Certification Systems (AGP Phase 3) စီမံကိန်းအတွက် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ (CLMTV) တို့တွင် အုတ်စီနှင့် ပန်းရံအချောကိုင်အလုပ်အကိုင် ကျွမ်းကျင်မှု အဆင့် – ၂ နှင့် ဂဟေဆက်အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့် -၂ တို့ကို ဦးစားပေးရွေးချယ် သတ်မှတ်၍ ကျွမ်းကျင်မှုအပြန်အလှန်အသိအမှတ်ပြုရေး အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
၂။ AGP Phase 3 စီမံကိန်းအတွက် AGP Team မှ Benchmarking Report အား သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် ရေးသားနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ ပံ့ပိုးပေးနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအား သက်ဆိုင်ရာအဖွဲ့ဝင်များနှင့်အတူ Online မှတစ်ဆင့် ကျင်းပခဲ့ရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ BNSP Indonesia မှ တာဝန်ရှိသူ၊ International Consultant၊ AGP Phase 3 Project Coordinator၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ Regional Consultant များ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြသက်နှင့် NSSA မှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် သတ္တုနှင့် အင်ဂျင်နီယာကဏ္ဍတို့မှ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများ၊ Chief Assessor နှင့် Assessor များ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

