အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ ဇွန် ၁၇

မလေးရှားနိုင်ငံရောက်မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရန် အတွက် Super Coffee Mix Ltd. ၊ One Tea နိုဆီနှင့် လေဆာသွားတိုက်ဆေးတို့မှ အလှူငွေ လှူဒါန်းသည့် အခမ်းအနားအား ၁၇-၆-၂၀၁၃ ရက်နေ့ နံနက်(၁၀း၀၀)နာရီ၌ နေပြည်တော် ရုံးအမှတ်(၅၁) အလုပ်သမား၊ အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ရှိ ဧည့်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးဒေါ်ဝင်းမော်ထွန်း၊ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ကုမ္ပဏီများမှ လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး မှ ကျေးဇူးတင်စကားပြောကြားရာတွင် လှူဒါန်းသည့် ငွေများအား မလေးရှား နိုင်ငံ ရောက် မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေးအတွက် အကျိုးရှိစွာခွဲဝေဆောင်ရွက် သွားမည် ဖြစ် ကြောင်း၊ လှူဒါန်းငွေများအား မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ အမြန်ဆုံးပေးပို့ သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနကိုယ်စား၊ အလုပ်သမားများကိုယ်စား လှူဒါန်းသည့် ကုမ္ပဏီများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် Super Coffee Mix Ltd. မှ အလှူငွေ အမေရိကန်ဒေါ်လာ (US$-5000)၊ One Tea နိုဆီမှ အမေရိကန်ဒေါ်လာ (US$-3000)နှင့် လေဆာသွားတိုက်ဆေး မှ အမေရိကန်ဒေါ်လာ (US$-3000)တို့အား ပေးအပ်လှူဒါန်းရာ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။