အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ ၃-၂-၂၀၂၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံစက်မှုဇုန်များနှင့်စီးပွားရေးလုပ်ငန်းများအသင်း ဥက္ကဌ ဦးကိုကြီး နှင့် အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်မှုဇုန်များနှင့်စီးပွားရေးလုပ်ငန်းများအသင်း ဥက္ကဌနှင့်  အဖွဲ့ဝင် တိုင်းဒေသကြီး/ပြည်နယ် များမှ စက်မှုဇုန်တာဝန်ခံများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ နိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်တွင်း စက်မှုဇုန်အသီးသီးရှိစက်ရုံ၊အလုပ်ရုံများတွင် လုပ်ငန်းခွင်အေးချမ်း သာယာရေးနှင့်ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်စေရေးအတွက် အလုပ်ရှင်/အလုပ်သမားအကြားကောင်းမွန်သည့်ဆက်ဆံ ရေးများရှိစေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အလုပ်ရှင်၊အလုပ်သမားများအား အသိပညာပေး ဆောင်ရွက်နေမှုကိစ္စရပ်များ၊ စက်မှုဇုန်များတွင် ဝန်ကြီးဌာနမှ လက်ရှိဆောင်ရွက်ပေးနေသည့် လူမှုဖူလုံရေးအဖွဲ့၏ ကျန်းမာရေး ဝန်ဆောင်မှုအား ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးရေးကိစ္စရပ်များ၊ တိုင်းဒေသကြီး /ပြည်နယ်များ တွင် လုပ်ငန်းခွင်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ သက်မွေးမှုပညာသင်တန်းကျောင်း (Vocational Training Center ) များထူထောင်ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံလုပ်သား များကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့(NSSA) ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေ များနှင့်ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု နှင့်ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား၊အစိုးရ သုံးပွင်ဆိုင် ဖြေရှင်း ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံစက်မှုဇုန် များနှင့်စီးပွားရေး လုပ်ငန်းများအသင်း အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးကဏ္ဍများအလိုက် အချိန်ကာလခွဲခြား၍ လုပ်ငန်းစီမံချက်များပြုစုရေးဆွဲထားနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊သက်ဆိုင်ရာ စက်မှုဇုန်နယ်မြေ အလိုက် အလုပ်ရှင်အဖွဲ့များ ယခုထက် ပိုမိုဖွဲ့စည်းဆောင်ရွက်သွားနိုင်ရေး ကိစ္စ ရပ်များတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံစက်မှုဇုန်များနှင့်စီးပွားရေး လုပ်ငန်းများ အသင်း ဥက္ကဌ နှင့် တိုင်းဒေသကြီး/ပြည်နယ် များရှိ စက်မှုဇုန်တာဝန်ခံများမှ စက်မှုဇုန်များတွင် ကြုံတွေ့နေရသည့်အခြေအနေများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်ဖွံ့ဖြိုးရေးအဖွဲ့အစည်း များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ကြီးဌာနနှင့်ရှေ့ဆက်လက် ပူးပေါင်းဆောင် ရွက်လိုသည့်ကိစ္စရပ်များ၊ အသင်း၏ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။