နေပြည်တော် မတ် ၂၂
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်ရှိ နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင် အဆောက်အဦတွင် ဖွင့်လှစ်ထားသည့် လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။
အခမ်းအနားသို့အလုပ်သမားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်၊ နေပြည်တော် ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ နေပြည်တော်ကောင်စီရုံး ကောင်စီဝင် များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဖူလုံရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ် များ၊ ဘေးမခဆေးခန်းမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆေးခန်းအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်လာစေဖို့ မဟာဗျူဟာရည်မှန်းချက်တစ်ရပ်ချ မှတ်ပြီး ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ကြေးများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမား များ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမားရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစား ခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆)မျိုးအနက် (၂)မျိုးကို အကောင် အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုးအား ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုလျက်ရှိပါကြောင်း၊
အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ် တကူလက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှုထောက်ပံ့ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း (၂၁) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၄၁) ခန်း၊ Specialist OG OPD ပြသနိုင်သောဆေးခန်း (၂၉) ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက် သည့် စာချုပ်ဆေးရုံ/သားဖွားခန်း (၁၅) ခန်းတို့ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ နေပြည်တော် ကောင်စီနယ်မြေအတွင်းတွင် အကျုံးဝင်အာမခံ အလုပ်သမားပေါင်း (၁၉,၆၅၆) ဦးအတွက် လူမှုဖူလုံရေးဆေးခန်း (၃) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၃) ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း (၂) ခန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လူနာဦးရေ (၄,၃၀၉) ဦးအား ဆေးဖိုးငွေ ကျပ်သန်း (၇၇၉.၆၆) ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။