နေပြည်တော် ဖေဖော်ဝါရီလ (၁၂) ရက်
၁။ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိရာ (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျား ဆေးကုသယာဉ်များ (Mobile Medical Units) (၃) စီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ အလုပ်ဌာနများအရောက် လူမှုဖူလုံရေးအကျုံးဝင်အလုပ် သမား များအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။
၂။ လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် အကျုံးဝင်အာမခံအလုပ်သမား ၁,၂၃၅,၉၈၉ ဦးရှိပြီး ကျန်းမာ ရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၀) ခန်း၊ စာချုပ်ဆေးခန်း (၆၁) ခန်း၊ သားဖွားမီးယပ် ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေးခန်း (၂၈) ခန်း၊ မီးဖွားဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၄) ခန်း၊ တိုင်းရင်း ဆေးခန်း (၁) ခန်း တို့ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိပါ သည်။
၃။ (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်နှင့် ရွှေလင်ပန်းစက်မှု ဇုန်တို့တွင် အလုပ်ဌာနပေါင်း (၄) ဌာန၊ အာမခံအလုပ်သမားဦးရေ (၅,၆၅၇) ဦး ၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်မြို့တွင် အလုပ်ဌာနပေါင်း (၁၃) ဌာန၊ အာမခံအလုပ် သမားဦးရေ (၁,၁၇၃) ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကြို့ပင်ကောက်မြို့တွင် အလုပ်ဌာန ပေါင်း (၈၅) ဌာန၊ အာမခံအလုပ်သမားဦးရေ (၂,၂၈၆) ဦးနှင့် နတ်တလင်းမြို့တွင် အလုပ်ဌာန ပေါင်း (၄၈) ဌာန၊ အာမခံအလုပ်သမားဦးရေ (၈၃၇) ဦး တို့ကို လိုအပ်သော ဆေးဝါးကုသမှု များ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။