အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                              ဒီဇင်ဘာ ၁၄

 ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၁၄-၁၂-၂၀၂၂ ရက်နေ့တွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit)နှင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေး အကျုံးဝင်ဝန်ကြီးဌာနများဖြစ်သည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနများသို့ ကွင်းဆင်း ဆေးကုသ မှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  အာမခံအလုပ် သမား(၁၈၉၄) ဦးရှိသည့်အနက် အာမခံ အလုပ်သမား ( ၂၉၅  ) ဉီး ကိုလည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ   အာမခံအလုပ်သမား (၉၀၈) ဦးရှိသည့် အနက် အာမခံအလုပ်သမား  (၂၀၂)ဉီးကိုလည်းကောင်း ဆေးကုသမှုများကို ဆောင်ရွက်ခဲ့ပါသည်။

အလုပ်သမားဝန်ကြီးဌာနသို့ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ကွင်းဆင်းကုသဆောင်ရွက်နေမှုကို အလုပ် သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က ကြည့်ရှုအားပေးခဲ့ပြီး နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများအတွက် Mask များနှင့် အားဆေးများကို ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် အဖွဲ့ရုံးတို့ရှိ ညွှန်ကြားရေးမှူးချုပ်များအား ပေးအပ်ခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လစဉ်ထည့်ဝင်ကြေးကို လုပ်ခလစာ တစ်လလျှင် (၁)သိန်း ရရှိသည့် အာမခံအလုပ်သမား တစ်ဦး အနေဖြင့် အလုပ်သမားထည့်ဝင်ကြေး  ၂ % အတွက် ၂၀၀၀ ကျပ်နှင့် အလုပ်ရှင်မှ ၃ %  အတွက် ၃၀၀၀ ကျပ် စုစုပေါင်း ၅ % အတွက် ၅၀၀၀ ကျပ် ပေးသွင်းရပြီး အများဆုံးလုပ်ခလစာ (၃)သိန်းအထိ သတ်မှတ်ထားပြီး အလုပ်သမားထည့်ဝင်ကြေး ၂ % အတွက် ၆၀၀၀ ကျပ်နှင့် အလုပ်ရှင်မှ ၃ % အတွက် ၉၀၀၀ ကျပ် စုစုပေါင်း ၅ % အတွက် ၁၅၀၀၀ ကျပ် ပေးသွင်းရ ကြောင်း လစဉ်ထည့်ဝင်ကြေး ပေါ်မူတည်၍  မကျန်းမာမှုအကျိုးခံစားခွင့်၊  မီးဖွားမှုအကျိုးခံစားခွင့်၊ နာရေးစရိတ် အလုပ် တွင် ထိခိုက်မှုကြောင့် ယာယီမသန်မစွမ်းဖြစ်မှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန် မစွမ်းအကျိုးခံစားခွင့်နှင့် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် စသည်တို့ကို ခံစားရရှိနိုင်ပါသည်။

လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း (၁၁၆) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၁.၂၃) သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို အလုပ် သမား ဆေးရုံကြီး(၃)ရုံ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးခွဲပေါင်း (၉၉)ရုံး၊ မြို့နယ် ဆေးခန်းပေါင်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၇) ခန်း၊ PPS စနစ်ဖြင့် Fee for services payment ဆေးခန်း (၁၂) ခန်း၊ Capitation payment ဆေးခန်း (၂၅) ခန်း၊ သားဖွား မီးယပ်ဝန်ဆောင်မှု ဆေးခန်း(၈)ခန်းနှင့် တိုင်းရင်းဆေးကုခန်း (၁)ခန်းအပြင် ရွေ့လျား ဆေးကုသယာဉ် Mobile Medical Unit (၂)စီးနှင့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျှက် ရှိပါသည်။

ဆက်လက်၍ အာမခံအလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။