အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇန်နဝါရီလ ၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ (၆၄) နှစ်မြောက် လူမှုဖူလုံရေးအဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကို ၃-၁-၂၀၂၀ ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းစွမ်း ဆောင်ရည်ဆုရ မြို့နယ်ရုံး(၃)ရုံးနှင့် ဆေးခန်း(၃)ခန်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည် /အောက်မြန်မာပြည်)တို့၌ ထူးချွန်ဆုရရှိသူ(၃)ဦးတို့အား ဆုချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုမှ လူမှုဖူလုံရေးအဖွဲ့နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပိုက်ကျော် ခြင်းပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲတို့တွင် ဆုရရှိသူများအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်ယဉ်ယဉ်အုန်းမှ ဆောင်းပါးပြိုင်ပွဲ၊ ဒီပလိုမာစာရင်းကိုင် ပထမပိုင်း သင်တန်းအမှတ်စဉ် (၃၉) တွင် ဆုရရှိသူများ၊ ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သက်(၃၅)နှစ်ပြည့်ပြီး သက်ပြည့် အငြိမ်းစားပင်စင်ခံစားခဲ့သည့် လူမှုဖူလုံရေးအဖွဲ့ဝန်ထမ်းများအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဆုရရှိသူများ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ ဝန်ထမ်းများအား နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လက်ဆောင်ပစ္စည်းများ မဲဖေါက်ပေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ လူမှုဖူလုံရေးရုံးချုပ်မှ အရာထမ်း၊ အမှုထမ်းများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် (၁၂:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။