အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                               ဧပြီ ၃ ရက်

          ၃-၄-၂၀၂၄ ရက်နေ့၊ (၁၄:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ (၅) ကြိမ် မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ် ရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆုရွေးချယ်ရေး ကော်မတီဝင်များ တက်ရောက်ကြသည်။

          ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ASEAN-OSHNET ဆုအတွက် ကွင်းဆင်းစစ်ဆေးခဲ့မှု အခြေအနေနှင့် အဖွဲ့ဝင် များ၏ အကဲဖြတ်အမှတ်ပေးရလဒ်များနှင့်ပတ်သက်၍ ဆွေးနွေးပြီး ASEAN-OSHNET Excellence Award နှင့် ASEAN-OSHNET Best Practices Award ဆုရရှိသည့် စက်ရုံ (၂) ရုံအား အပြီးသတ် ရွေးချယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဆုရွေးချယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အချိန်နည်းပါးသည့်အတွက် လုပ်ငန်းအချိန်ဇယားရေးဆွဲ၍ အောင်မြင်အောင် ဆောင်ရွက်ခဲ့မှု အခြေ အနေများနှင့် ပတ်သက်၍  အဖွင့်အမှာစကား ပြောကြားသည်။

          အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆုအမျိုး အစားအလိုက် ပဏာမအဆင့် ရွေးချယ်ထားသည့် စက်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့မှု အခြေအနေ နှင့်ဆုရွေးချယ်ရေးအဖွဲ့ဝင်များ၏ အကဲဖြတ်ရလဒ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များ အပေါ် ဆုရွေးချယ်ရေးကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေး၍ ASEAN-OSHNET Excellence Award နှင့် ASEAN-OSHNET Best Practices Award ဆုရရှိသည့် စက်ရုံ (၂) ရုံအား အတည်ပြု ရွေးချယ်ခဲ့ပါသည်။

ဆက်လက်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ ဆုရွေးချယ်ရေးကော်မတီမှ အတည်ပြုရွေးချယ်ထားသော မြန်မာနိုင်ငံကိုယ်စားပြု ASEAN-OSHNET Excellence Award နှင့် ASEAN-OSHNET Best Practices Award ဆုရရှိသည့် စက်ရုံ (၂) ရုံ၏ အမည်စာရင်းအား ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့မည်ဖြစ်ကြောင်း၊ ယခုနှစ် တွင် တွေ့ကြုံရသည့် အခက်အခဲများအား မှတ်တမ်းထားရှိ၍ နောင်ဆုရွေးချယ်ရေး လုပ်ငန်းစဉ် များတွင် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ASEAN-OSHNET ဆုဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် စက်ရုံများအား ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်နိုင် ရေး ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်များ တိုးမြှင့်လာစေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အသိပညာပေးဆွေးနွေးခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ 

ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိချက်များအရ ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ များအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း များကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများမှလည်း လုပ်ငန်းခွင်အလိုက် ဖြစ်ပွားနိုင်သည့် အန္တရာယ်များအပေါ် မူတည်ပြီး အသိပညာပေးဆွေးနွေး ခြင်း၊ ညွှန်ကြားချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်များ တိုးတက်စေရေး ကူညီဆောင်ရွက်ပေးခြင်း တို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ASEAN-OSHNET ဆုရွေးချယ်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြင်ပကျွမ်းကျင်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြော ကြားသည်။

၂၀၂၄ ခုနှစ်အတွက် ပဏာမအဆင့် အောင်မြင်သည့် ASEAN-OSHNET Excellence ဆု အတွက် စက်ရုံ (၁၀) ရုံ၊ ASEAN-OSHNET Best Practices ဆုအတွက် စက်ရုံ (၆) ရုံတို့အား ဆုရွေးချယ်ရေးကော်မတီဝင်များက ကွင်းဆင်းစစ်ဆေး၍ ASEAN-OSHNET က သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်း ဆောင်ရွက်ခဲ့ပြီး ရမှတ်အများဆုံး ဖြစ်သည့် စက်ရုံ(၂) ရုံအား မြန်မာနိုင်ငံ ကိုယ်စားပြု ASEAN-OSHNET ဆုရရှိသည့် စက်ရုံများအဖြစ် ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံးသို့ အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ASEAN-OSHNET ဆုရွေးချယ်ခြင်းများကို ၂၀၁၆ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် (၈) ရုံ၊ ၂၀၁၈ ခုနှစ်တွင် (၁၃) ရုံ၊ ၂၀၂၀ ပြည့်နှစ်တွင် (၁၄) ရုံနှင့် ၂၀၂၂ ခုနှစ်တွင် (၇) ရုံဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် စက်ရုံ (၂၀) ရုံအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ အမှာစကားပြောကြား