အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီများမှ စေလွှတ်သော သင်တန်းသား (၂၀) ဦးဖြင့် Test Item Database Training ကို ၂၆-၈-၂၀၂၅ ရက်နေ့မှ ၂၇-၈-၂၀၂၅ ရက်နေ့ အထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ Inperson စနစ်ဖြင့် ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၇-၈-၂၀၂၅ ရက်နေ့၊ (၁၅:၀၀) အချိန်တွင် ကျွမ်းကျင်မှုလေ့ ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပခဲ့ရာ NSSA ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပြီး NSSA မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ အပါအဝင် စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။