အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ အောက်တိုဘာလ ၂၀ ရက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် အင်ဒိုနီးရှား နိုင်ငံက Video Conferencing  စနစ်ဖြင့် ကျင်းပမည့် ၁၆ ကြိမ်မြောက် အာဆီယံ အလုပ်သမားရေးရာ အရာရှိ ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊  အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ၂၆ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး နှင့် ၁၁ ကြိမ် မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးများနှင့်ပတ်သက်၍ အကြိုညှိနှိုင်း အစည်းအဝေး ကို ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အတူ ညွှန်ကြားရေးမှူးချုပ် များနှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပြီးအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် အာဆီယံအဆင်မြင့် အလုပ်သမားအရာရှိကြီးများ၊ အာဆီယံအ လုပ်သမားအရာရှိကြီးများအစည်းအဝေးနှင့် အာဆီယ့+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေး များသည် အာဆီယံထိပ်သီးအစည်းအဝေးတွင်အာဆီယံခေါင်းဆောင်များကချမှတ်ခဲ့သည့် လုပ်ငန်း လမ်းညွှန် ချက်များကိုသက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျင်းပခြင်း ဖြစ်ပါကြောင်း၊

အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး၌ အာဆီယံအလုပ်သမားဝန်ကြီးများ လုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ နှင့် ဆက်စပ်လုပ်ငန်းအစီအစဉ်များကို အာဆီယံ အလုပ်သမား အရာရှိကြီးများအစည်းအဝေး၏ သဘောတူညီချက်ဖြင့် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်း အဝေးသို့ တင်ပြအတည်ပြုသွားရန်ရှိပါကြောင်း၊ အာဆီယံအလုပ်သမားဝန်ကြီးများမှ အတည်ပြု ကြောင်း တရားဝင်စာဖြင့် ပေးပို့ထားပြီးသော အလုပ်သမားရေးရာဆိုင်ရာ အာဆီယံလမ်းညွှန်ချက် များနှင့် လမ်းပြမြေပုံတို့ကို ထပ်မံအတည်ပြုသွားမည်ဖြစ်ပါကြောင်း၊

အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ Video Conferencing  စနစ်ဖြင့် ကျင်းပ မည့် အစည်းအဝေးအစီအစဉ်များတွင် သက်ဆိုင်ရာဦးစီးဌာနအလိုက် ထိထိရောက်ရောက် ပါဝင် ဆွေးနွေးနိုင်ရေးသက်ဆိုင်ရာ ဌာနများနှင့် ဆက်သွယ်ပူးပေါင်း၍ လိုအပ်သည်များပြင်ဆင်ထားရန်၊ ပါဝင်တက်ရောက်မည့်ကိုယ်စားလှယ်များက အချက်အလက်များနှင့် လိုအပ်သည်များ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရန်နှင့် internet နှင့် လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရေး စီစဉ်ထားရန်၊ ယခင် အစည်းအဝေးများ၌ ဆွေးနွေးချက်များ ယခုအစည်းအဝေး၌ အတည်ပြုချမှတ်မည့် အချက် အလက်များနှင့် ပတ်သက်၍လိုအပ်သည်များ ကြိုတင်လေ့လာပြင်ဆင်ထားနိုင်ရေး  ညွှန်ကြားခဲ့ပြီး ၂၆ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးကျင်းပရခြင်း၏ အဓိကရည်မှန်း ချက်ဖြစ်သည့် “အနာဂတ် အလုပ်အကိုင်အတွက် အာဆီယံအလုပ်သမားများ၏ ယှဉ်ပြိုင်နိုင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် သွက်လက်မှုမြှင့်တင်ရေး” နှင့်ပတ်သက်၍ ဘာသာရပ်ဆိုင်ရာတာဝန်ခံများနှင့် ညွှန်ကြားရေးမှူးချုပ်များ အနေဖြင့်လေ့လာပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ဌာနနှင့် သက်ဆိုင်သောလိုအပ်သည့် အချက်အလက်များအား တိတိကျကျအချိန်မီပြည့်စုံစွာ ပေးပို့ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အစည်းအဝေးမကျင်းပမီ အထက်ဌာနများသို့ တင်ပြ ဆုံးဖြတ်ချက်ခံရန် အကြောင်းအရာများရှိပါက အချိန်မီကြိုတင် တင်ပြဆောင်ရွက်ထားကြရန် အင်္ဂလိပ်စာ Skill ကျွမ်းကျင် သူများကို တာဝန် ပေးဆောင်ရွက်သွားရန်နှင့် မျိုးဆက်သစ်များအား ပြုစုပျိုးထောင်မွေးထုတ်သွားနိုင်ရေး ကြိုတင်မျှော်တွေး၍ ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ယခင်အာဆီယံ အစည်းအဝေးများက ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ Midterm Report ကို အချိန်မီပေးပို့ဆောင် ရွက်သွားရန်၊ အာဆီယံနိုင်ငံများအတွင်း မိမိတို့နိုင်ငံသည်ရွှေ့ပြောင်းလုပ်သားအများဆုံး နိုင်ငံတစ်ခုဖြစ်သည့် အတွက် အခြားအာဆီယံနိုင်ငံ များ၏ လုပ်ဆောင်ချက်များ အားစဉ်ဆက်မပြတ် လေ့လာပြီး အာဆီယံအလုပ်သမားရေးရာကိစ္စ ရပ်များနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်လေ့လာ၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် ယခင်တက်ရောက်ခဲ့သည့် 13th SLOM-WG အစည်းအဝေးတက်ရောက်ခဲ့မှု အခြေ အနေများနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးများက ရှင်းလင်းတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်များမှ မိမိတို့ဦးစီးဌာန အလိုက်သက်ဆိုင်သည့် ယခင်အာဆီယံအစည်းအဝေးတက်ရောက်ခဲ့မှုများ အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ လာမည့် အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၂၆) ကြိမ်မြောက်အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေး (26thALLM)တွင်ပါဝင်ဆွေးနွေးနိုင်ရေး မိမိတို့သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ် များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးတင်ပြ ချက်များ အပေါ်လိုအပ်သည်များကိုဆွေးနွေးမှာကြားပြီး ညှိနှိုင်းအစည်းအဝေးကို ညနေ ၁၆:၀၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။