နေပြည်တော် ဩဂုတ် ၃၀
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့နေ့လယ်ပိုင်း တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ဝန်ကြီးရုံးအသင်းနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ယှဉ်ပြိုင်ကစားမှု အား ကြည့်ရှုအားပေးခဲ့ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ဖူဆယ်ပြိုင်ပွဲ ကျင်းပရခြင်းသည် မြန်မာ့ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ဝန်ထမ်းများအချင်းချင်း သွေးစည်းညီညွတ်မှုရှိပြီး ပြည်ထောင်စုစိတ်ဓာတ်ပိုမိုထွန်းကား ပြန့်ပွားစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု ရှိစေရေးအတွက် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊
ဖူဆယ်အားကစားနည်းသည် ဖြတ်ကျော်ကစားခြင်း(Passing)၊ ထိန်းချုပ်ကစားခြင်း (Controlling)၊ လိမ်ခေါက်ကစားခြင်း(Faking)၊ အယောင်ပြကစားခြင်း (Feinting)၊ ဆွဲယူကစား ခြင်း(dribbling) နှင့် ပြေးလွှားကစားခြင်း(Running) ဆိုသည့် နည်းစနစ်များကို ပိုင်နိုင်စွာ အသုံးပြုပြီး မိမိပြိုင်ဘက်ကို ယှဉ်ပြိုင်အနိုင်ယူကစားရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာများ ကျန်းမာကြံ့ခိုင်စေသည့် အားကစားနည်းဖြစ်ပါကြောင်း၊
ယခုဖူဆယ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၄)ခုရှိ ပြိုင်ပွဲဝင်အသင်း (၇)သင်းတို့မှ အားကစားသမားဝန်ထမ်းများက အားကစားစိတ်ဓာတ်ကို အရင်းခံ၍ တရားသော ယှဉ်ပြိုင်ခြင်းဖြင့် စိတ်အားတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြမှုအား အလွန်ပင်ဝမ်းမြောက်မိပါ ကြောင်းနှင့် အားကစားပြိုင်ပွဲများကို ပုံမှန်ကျင်းပနိုင်ရေး ဖြစ်မြောက်အောင် တတ်အားသရွေ့ တာဝန်ရှိသူများအနေဖြင့် အဘက်ဘက်က ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်နှင့် နိုင်ငံ့ဝန်ထမ်း အားကစားများအနေဖြင့် ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ဖြစ်အောင် ဆက်လက်ကြိုးစား၍ နိုင်ငံနှင့်လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ()အသင်းအား လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ လည်းကောင်း၊ ဒုတိယဆုရရှိသည့် ()အသင်းအား အမြဲတမ်းအတွင်းဝန်မှ လည်းကောင်း ပထမဆုရရှိသည့် ()အသင်းအား ပြည်ထောင်စုဝန်ကြီးမှ လည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။