အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် နိုင်ငံတော်မှသတ်မှတ်ပေးထားသည့် စက်မှုဇုန်၊ စက်မှုနယ်မြေနှင့် အထူး စီးပွားရေးဇုန်များရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမား ဦးရေစာရင်းများအားရရှိစေရန် ၁၉၉၇ ခုနှစ်မှစတင်၍ စာရင်းကောက်ကာလအဖြစ် ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ နှစ်စဉ်မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိပါသည်။

၂၀၂၃ ခုနှစ်တွင် စက်မှုဇုန်၊ စက်မှုနယ်မြေ၊ အထူးစီးပွားရေးဇုန်နှင့် စက်မှုရပ်ကွက်များရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေစာရင်းများကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာနမှ သတ်မှတ်ထားသော စက်မှုဇုန်စာရင်းများနှင့် တစ်ပြေးညီဖြစ်စေရေး စက်မှုဇုန်(၂၈)ဇုန်၊ စက်မှုရပ်ကွက်(၅)ခု၊ စက်မှုနယ်မြေ(၂)ခု၊ အထူး စီးပွားရေးဇုန်(၂)ဇုန်တို့တွင် ဌာနမှ ဝန်ထမ်းများမှ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိပါသည်။