
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်မှုဇုန်၊ စက်မှုနယ်မြေ၊ အထူးစီးပွား ရေးဇုန်နှင့် စက်မှုရပ်ကွက်များရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်သမားဦးရေ စာရင်းကောက်ယူပြုစုရေး မေးခွန်းလွှာသင်တန်းကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပခဲ့ရာ Online မှတစ်ဆင့် တက်ရောက်ကြသူများ အပါအဝင် စုစုပေါင်း (၁၆၃) ဦး တက်ရောက်ခဲ့ကြပါသည်။

