အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူချွန်စာအောင်မြင်ခဲ့သည့် အလုပ် သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/သမီး  ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီး မြှင့်ခြင်း အခမ်းအနားကို နေပြည်တော်၊ အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြား ခဲ့သည်။

          အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်‌ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ က အသိပညာ၊ အတတ်ပညာများနှင့်ပတ်သက်၍ လူတိုင်းသည် ဘဝတိုးတက်မှုကို လိုလားကြပြီး အဓိကလိုအပ်ချက်သည့် အသိပညာ၊ အတတ်ပညာများကို အမြဲမပြတ် လေ့လာကြိုးစားအား ထုတ်ကြရန်၊ အကျိုးဖြစ်စေမည့် စာပေဗဟုသုတ၊ ဘာသာစကားနှင့် နည်းပညာပိုင်းဆိုင်ရာ များကို လေ့လာသင်ယူနေရမည်ဟု လမ်းညွှန်မှာကြားထားပါကြောင်း၊

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိပါ ကြောင်း၊ ပညာရေးသည် နိုင်ငံ၏အဓိကကျသော အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် မျိုးဆက် သစ်များ အဆက်ဆက် တိုးတက်လာစေရန်အတွက် အသိပညာ၊ အတတ်ပညာရှင်များ စဉ်ဆက် မပြတ်မွေးထုတ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊

၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူပေါင်း တစ်နိုင်ငံလုံးတွင် တစ်သိန်း ခြောက်သောင်းကျော်ရှိပြီး အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ တစ်သိန်းကိုး ထောင်ကျော်ရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၆၇.၈၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/ သမီး (၁၈)ဦး အောင်မြင်ခဲ့ပြီး လေးဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ (၃)ဦး၊ တစ်ဘာ သာ ဂုဏ်ထူးရရှိသူ (၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၁)ဦးတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လေးဘာသာ ဂုဏ်ထူးရရှိသူ (၁)ဦး၊ သုံးဘာသာ ဂုဏ်ထူးရရှိသူ (၃)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရရှိသူ (၃)ဦး ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီးနောက် အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက မိမိ တို့ဌာနအလိုက် ရိုးရိုးအောင်မြင်သူ (၁၁)ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဉာဏ်ပညာထူးချွန်ထက်မြက်သည့် သားကောင်း၊ သမီးကောင်းဖြစ်လာရေး၊ ဘက်စုံထူးချွန်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာရေး၊ နိုင်ငံတော်၏ ပုခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူမည့် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာရေးတို့အတွက် မိဘအုပ်ထိန်းသူများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ် သည်များ ကူညီပံ့ပိုးပေးခြင်း၊ အသိအမှတ်ပြုအားပေးခြင်းနှင့် ကောင်းမွန်မှန်ကန်သည့် အကြံဉာဏ် ပေးခြင်းများ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။