နေပြည်တော်၊ ဇန်နဝါရီလ ၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် နှစ်စဉ်လုပ်သားအင်အားစစ်တမ်းအား ကောက်ယူလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း ပထမသုံးလပတ် အစီရင်ခံစာ (Annual Labour Force Survey 2018 Quarterly Report) ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါ၍ အများပြည်သူသိရှိနိုင်ရန် ဖော်ပြပါသည်။ (ပထမသုံးလပတ်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလ အထိ)