မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင် ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီများမှ စေလွှတ်သော သင်တန်း သား (၃၅) ဦးဖြင့် Assessor Methodology Training ကို ၁၅-၉-၂၀၂၅ ရက်နေ့မှ ၁၉-၉-၂၀၂၅ ရက်နေ့အထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၉-၉-၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၁:၁၅) အချိန်တွင် ကျွမ်းကျင်မှု လေ့ကျင်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပခဲ့ရာ NSSA ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ NSSA မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ အပါအဝင် စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။

