၁၆-၁၀-၂၀၂၅ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည့် အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အလုပ်အကိုင် (၆) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၃၈၈) ဦးနှင့် အလုပ်အကိုင် (၃) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၅) ခုတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ ပါသည်။
NSSA အနေဖြင့် အလုပ်အကိုင် အမျိုးအစား (၇၁) မျိုးအတွက် ကျွမ်းကျင်မှုစံ (၁၀၄) ခုကို အတည်ပြုခြင်း၊ ပြန်လည်သုံးသပ်ပြင်ဆင်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ကျွမ်းကျင် မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးလုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၁ ရက်နေ့ထိ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန (၃၀၀) ခု၊ စစ်ဆေးအကဲဖြတ်သူ (၉၀၄) ဦး၊ စစ်ဆေးရေးမှူး (၁၂၉) ဦးကို အသိအမှတ်ပြုခဲ့ပြီး အလုပ် အကိုင် (၅၂) မျိုးတွင် ဖြေဆိုသူ (၃၃,၁၉၅) ဦးအနက် (၃၀,၆၇၂) ဦးကို ကျွမ်းကျင်လုပ်သားများ အဖြစ် အသိအမှတ်ပြုပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

