ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) ၌ ၆-၆-၂၀၂၆ ရက်နေ့မှ ၁၃-၇-၂၀၂၆ ရက်နေ့အထိ လျှပ်စစ်နှင့် အဆင့်မြင့်ဆိုလာတပ်ဆင်ခြင်းနည်းစနစ်သင်တန်းကို သင်တန်းသား (၂၀) ဦးနှင့် ၁၃-၇-၂၀၂၆ ရက်နေ့မှ ၃၁-၇-၂၀၂၆ ရက်နေ့အထိ အခြေခံမော်တာစက်ချုပ်သင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် ၁၃-၇-၂၀၂၆ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ သင်တန်းဖွင့်ပွဲနှင့် ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

