အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် အလုပ်ရှင်များသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) သို့ Electrician (Building) Level-1 အလုပ် အကိုင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်နေမှုနှင့် ဆိုလာတပ်ဆင်ခြင်းနည်းစနစ် သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။