အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဖေဖေါ်ဝါရီလ ၁၄

၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပမည့် (၁၀၈) ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံသို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ် များဖြင့် သုံးပွင့်ဆိုင်တက်ရောက်နိုင်ရေးအတွက် အလုပ်သမားကိုယ်စားလှယ်တစ်ဦး ရွေးချယ် ပေးရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်(၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂) တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲချုပ် (AFFM-IUF)၊ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) တို့မှ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။

ညှိနှိုင်းအစည်းအဝေးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပမည့် (၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံသို့တက်ရောက်မည့် အလုပ်သမားကိုယ်စားလှယ်ကို ဝန်ကြီးဌာနမှ ကြားဝင်ဆောင်ရွက်ပေးရခြင်းမရှိဘဲ အချင်းချင်းညှိနှိုင်း ရွေးချယ်ပေးကြရန်နှင့် အဖွဲ့ချုပ်များအချင်းချင်းညှိနှိုင်းရွေးချယ်၍မရပါက ILO Criteria နှင့် အညီဆောင်ရွက်ကြရာမှာဖြစ်ကြောင်း၊ ယခုနှစ်သည် ILO ၏ နှစ် ၁၀၀ ရာပြည့်ရောက်ရှိသည့် နှစ်ဖြစ်သည့်အတွက်လည်း အလုပ်သမားကိုယ်စားလှယ်ကို အဖွဲ့ချုပ်များအချင်းချင်း ညီညီညွတ်ညွတ် ညှိနှိုင်းရွေးချယ်ပေးခြင်းဖြင့် နိုင်ငံအတွက် ကောင်းမွန်သောပုံရိပ်ကို ပြသနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကိုယ်စားလှယ် များမှလည်း ၄င်းတို့ အချင်းချင်းညှိနှိုင်းဆောင်ရွက်၍ အကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။