အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇူလိုင် ၁၈။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီအား ဇူလိုင်လ(၁၈)ရက်၊ ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးမျိုးအောင်နှင့် ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့် NV ကတ်ထုတ်ပေး ဆောင်ရွက်မှုအခြေအနေ၊ NV ကတ်ထုတ်ပေးရေးလုပ်ငန်းများ လွယ်ကူစွာထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ နိုင်ငံအတွင်း ဒေသအလိုက် NV ကတ်ထုတ်ပေးမှုနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်ရှိ ကမန်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ နိုင်ငံအတွင်း ကလေးလုပ်သားပပျောက်ရေးနှင့် အဓမ္မစေခိုင်းမှုပပျောက်ရေး စီမံဆောင်ရွက်မှုနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။(-)