အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. HONG Liang နှင့်အဖွဲ့အား ယနေ့ ဧပြီလ(၂၆)ရက်၊ နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုအဆင်ပြေစေရေးအတွက် ညှိနှိုင်း ဆောင်ရွက်ရေး၊ သန်းခေါင်စာရင်းကောက်ယူရေးနှင့် လူဦးရေစီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ တရားဝင်လုပ်သားဈေးကွက်ဖြစ်ထွန်းရေးနှင့် လုပ်သားစွမ်းရည်မြင့်မားရေး
အခြေအနေ များကို ရင်းရင်း နှီးနှီး ဆွေးနွေးကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယင်းနေ့ မွန်းလွဲ(၁)နာရီတွင် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) ဌာနေကိုယ်စားလှယ် Mr. Kieran Gorman.Best နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ပင် ဆက်လက်တွေ့ဆုံ၍ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် နိုင်ငံတကာရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ လုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့် ရွှေ့ပြောင်းသွားလာခြင်း လုပ်ငန်းများ အတွက် သင်တန်းနှင့် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေး ကြသည်။[download id=”686″]