မလေးရှားနိုင်ငံရှိ Pekan Nenas၊ Bukit Jalil၊ Melaka နှင့် Belantik ထိန်းသိမ်းရေးစခန်း လေးခုတွင် ဥပဒေအရ အပြစ်ဒဏ်များ ကျခံပြီးသော်လည်း လေယာဉ်စရိတ် အခက်အခဲကြောင့် မြန်မာနိုင်ငံသို့မပြန်နိုင်ဖြစ်နေရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ပူပေါင်းစီစဉ်မှု၊ စေတနာရှင်များ၏ ပါဝင်ကူညီမှုဖြင့် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရှိရပါသည်။[download id=”821″]