အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အသိပေးကြေညာချက်

ပြည်ပနိုင်ငံများသို့တရားဝင်သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားအသစ်များအနေဖြင့် ၁-၁-၂၀၁၇ ရက်နေ့မှစ၍ ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံကူး လက်မှတ်အမျိုးအစားများအနက်မှ အလုပ် (PJ) (Passport for Job) ဖြင့် သွားရောက် လုပ်ကိုင် နိုင်ရေးအတွက် အသိပေးကြေညာပါသည်။
ပြည်ပနိုင်ငံများသို့ အလုပ် (PJ) (Passport for Job) ဖြင့် သွားရောက်လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်သည် အလုပ်သမား အသစ်များ အတွက် တစ်ဆင့်ခံပွဲစားများ၏ လိမ်လည်လှည့်ဖြားမှု အန္တရာယ်မှကင်းဝေးစေရေး၊ ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမား များ၏စာရင်းနှင့် သတင်းအချက်အလက်များရရှိနိုင်ရေး၊ ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရေးနှင့် ပြည်ပနိုင်ငံများရှိ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေးများ ရရှိနိုင်စေရေး ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ပြည်ပနိုင်ငံများသို့ အလည်အပတ် (PV) (Passport for Visit) ဖြင့် သွားရောက် လုပ်ကိုင်သည့် အလုပ်သမားများသည်
[download id=”980″]