အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊    သြဂုတ်    ၁၆

ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီ တို့၏ (၆/၂၀၁၃) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၁၆-၈-၂၀၁၃) ရက်နေ့ (၁၀းဝ၀) နာရီတွင် နေပြည်တော် ရုံးအမှတ်(၅၁)၊ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီနှင့် အလုပ် သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးထင်အောင်၊အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်နှင့်သက်ဆိုင်ရာဝန်ကြီးဌာနများမှအရာရှိကြီး များနှင့်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှင့် ဝန်ကြီး ဌာန မှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး၊တက်ရောက်လာသောကိုယ်စားလှယ်များ က ဆွေးနွေးရာတွင်ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်၎င်းတို့၏သားသမီး များပညာရေး၊ ကျန်းမာရေးကိစ္စများ၊ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စ၊ ဂျပန်နိုင်ငံ နှင့် စင်ကာပူနိုင်ငံသို့ အလုပ်သမားစေလွှတ်ရေးကိစ္စများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။