အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဈေးကွက်ဆိုင်ရာ အကြောင်းအရာများအပေါ် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန် ယနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansen အားလက်ခံတွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးတို့က မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ၊ တိုးတက်ကောင်းမွန်သည့် လူမှုရေးရာဆွေးနွေးမှုများဖြစ်ပေါ်လာစေရန် ရည်ရွယ်သည့် ဆောင်ရွက်ချက်အသစ်များအပေါ် မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါသည်။[download id=”701″]