ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) အတွက် အောက်ဖော်ပြပါ Lot (၄) ခုအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက် သွားရန် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
Lot(1) – Telecommunication infrastructure Implementation ဆောင်ရွက်ခြင်း။
Lot(2) – Software Development and Implementation ဆောင်ရွက်ခြင်း။
Lot(3) – ID Card Solution ဆောင်ရွက်ခြင်း။
Lot(4) – Hardware များ ဝယ်ယူခြင်း။
၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် – ၂၀-၁-၂၀၂၁ ရက်(ဗုဒ္ဓဟူးနေ့)
( ခ ) တင်ဒါပုံစံနောက်ဆုံးရောင်းချမည့်ရက် – ၁၈-၂-၂၀၂၁ ရက်(ကြာသပတေးနေ့)
(ဂ) တင်ဒါပုံစံနှင့်တင်ဒါအဆိုပြုလွှာများ – စီမံခန့်ခွဲရေးဌာန၊လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊
တင်သွင်းရမည့်နေရာ အမှတ်-ဥ/၇၇၊ရွှေတောင်သီရိလမ်း၊ဇဝနသိဒ္ဓိ ရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
(ဃ) တင်ဒါပုံစံနှင့် တင်ဒါအဆိုပြုလွှာများ – ၁၉-၂-၂၀၂၁ ရက်(သောကြာနေ့)
နောက်ဆုံးတင်သွင်းရမည့်နေ့ရက်နှင့် ညနေ(၄း၃၀)နာရီ
အချိန်
၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ Website https://www.ssb.gov.mm တွင် လေ့လာနိုင်ပြီး၊ ဖုန်း- ၀၆၇-၃၄၁၇၉၀၆၊ ၀၆၇-၃၄၁၇၉၀၄၊ ၀၆၇-၃၄၁၇၉၅၁၊ ၀၆၇-၃၄၁၇၉၅၂ များသို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
တင်ဒါကော်မတီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
Lot(1) Telecommunication Infrastructure Implementation (TOR)
Lot(2) SSB-IS Software Development TOR final_2021 01 19