အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

နေပြည်တော် ၊ ရုံးအမှတ်(၅၁)

( အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း )

၁။      အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အလုပ်သမားရေးရာ ဆိုင်ရာ ရုံးအမှတ်(၅၁)၊ နေပြည်တော်ရှိ ဦးစီးဌာနများနှင့်အဖွဲ့ရုံးတို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း အောက်ဖော်ပြပါ ပစ္စည်းများဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က)    ရုံးသုံးစက်ပစ္စည်းကိရိယာများ

(ခ )    အခြားရုံးသုံးစက်ပစ္စည်းကိရိယာများ

(ဂ )    ဆေးပစ္စည်းကိရိယာများ

၂။       အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများနှင့်စည်းကမ်းချက်များအား နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပါသည်။ တင်ဒါပုံစံများ ဝယ်ယူရာတွင် ကုမ္ပဏီတစ်ခုလျှင် ကိုယ်စားလှယ် တစ်ဦးသာ Covid-19 ရောဂါဆိုင်ရာ အကာအကွယ် (Mask နှင့် Face shield) ဝတ်ဆင်၍ လာရောက်ဝယ်ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၃။      တင်ဒါပုံစံရောင်းချမည့်နေ့ရက်         –         ၁၆-၁၁-၂၀၂၀ ရက်နေ့မှ၂၆-၁၁-၂၀၂၀ ရက်နေ့

အထိ  (ရုံးချိန်အတွင်း)

၄။      တင်ဒါအဆိုပြုလွှာ Specification     –         ၁၅-၁၂-၂၀၂၀ ရက်နေ့ (ရုံးချိန်အတွင်း)

တင်သွင်းရမည့်နေ့ရက်                            (၀၉:၃၀ နာရီ မှ ၁၆:၃၀ နာရီထိ)

 

၅။      တင်ဒါဖွင့်ဖောက်ရွေးချယ်မည့်နေ့ရက်အား ထပ်မံအကြောင်းကြားမည်ဖြစ်ပြီး၊ အသေးစိတ် သိရှိလိုပါက ဖုန်းအမှတ် ၀၆၇-၃၄၃၀၁၈၁ ၊ ၃၄၁၇၉၉၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး ဝန်ကြီးဌာန website www.mol.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန