၁၇-၈-၂၀၂၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် နိုင်ငံတော် ဝန်ကြီးချုပ်က “ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ရုံးစိုက်ရာဒေသ ဖြစ်သည့်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်ရန်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက် ရန်” နှင့် “စက်မှုဇုန်များ စံပြဖြစ်စေရေးအတွက် Skill Labour များအား အဆင့်အလိုက် Certificate ထုတ်ပေးနိုင် ရေးဆောင်ရွက်ရန်၊ စက်ရုံအားလုံးမှတ်ပုံတင်ရန်နှင့် SME လုပ်ငန်းများ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်” လမ်းညွှန်မှုအရ လုပ်ငန်းစီမံချက် ရေးဆွဲ၍ အလုပ်သမားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၅-၁၂-၂၀၂၁ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကိုကိုလွင်နှင့် NSSA မှ တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာရေးအတွက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ အထည်ချုပ်လုပ်သားများ၏ ကျွမ်းကျင်မှုများကို စတင် စစ်ဆေးအကဲဖြတ်မှု လုပ်ဆောင်နေသော နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Maple Win Naypyitaw Co., Ltd အထည်ချုပ်စက်ရုံ Assessment Center သို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ခဲ့သည်။ [download id=”2477″]