မန္တလေး၊ ဒီဇင်ဘာ ၂၈
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း၌ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခုံသမာဓိအဖွဲ့နှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တွင် ပါဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ အလုပ်ရှင် ၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများသည် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဖြစ် ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား ပြဿနာများကို ဖြေရှင်းရေးအတွက် ၂၀၁၂ ခုနှစ်၊ အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိ ကောင်စီတို့ကို ဖွဲ့စည်းခဲ့မှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) (၃၅၄၇) ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (၃၂၅)ဖွဲ့၊ ခုံသမာဓိအဖွဲ့ (၁၅)ဖွဲ့နှင့် ခုံသမာဓိကောင်စီ(၁)ဖွဲ့တို့ကို ဖွဲ့စည်းထားရှိ၍ အလုပ်သမားရေးရာ အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေ ဆုံးဖြတ်ပေးလျက်ရှိကြောင်း၊ လက်ရှိကာလ၌ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ကနဦးဖြေရှင်းလျက်ရှိကြောင်း၊ အဆိုပါ WCC တွင် ပြေလည်မှုမရရှိသည့် အငြင်းပွားမှုများကို မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဖြင့် လည်းကောင်း၊ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရမည့် အလုပ်သမားရေးရာ ကိစ္စရပ်များဖြစ်ပါက မြို့နယ်ပေါင်းစပ်အဖွဲ့များဖြင့် ဖြေရှင်း ပေးလျက်ရှိကြောင်း၊ အငြင်းပွားမှုများ ဖြစ်ပွားပါက ဥပဒေနှင့်အညီ စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အငြင်းပွားမှု ဖြေရှင်း ရေးအဖွဲ့များ ဖွဲ့စည်းထားခြင်းကြောင့် လက်ခံရရှိသော အငြင်းပွားမှုများအား သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များက နှစ်ဖက်ပြေငြိမ်း မှုရရှိစေရန် ညှိနှိုင်းဖျန်ဖြေပေးခြင်းနှင့် ခုံသမာဓိအဖွဲ့ဖြင့် အငြင်းပွားမှုများအား ဆုံးဖြတ်ရာတွင် နှစ်ဦးနှစ်ဖက် ညီညွတ်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး အထူး အရေးကြီးကြောင်း၊ နှစ်ဦး နှစ်ဖက် မျှတသည့် ဆုံးဖြတ်ချက်ဖြစ်မှသာလျှင် အငြင်းပွားသူများက ကျေနပ်လက်ခံပြီး ခုံသမာဓိကောင်စီသို့ လျှောက်ထားမှုများ နည်းပါးလာမည်ဖြစ်ကြောင်း၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များနှင့် ခုံသမာဓိအဖွဲ့များအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေး ကောင်းမွန် ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာရရှိခံစားနိုင်စေရေး ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခုံသမာဓိအဖွဲ့များအနေဖြင့် ဥပဒေပါ သတ်မှတ်ကာလအတွင်း အငြင်းပွားမှုများကို ဆုံးဖြတ်ချက် ချမှတ် နိုင်ရေး ဆောင်ရွက်ရန်နှင့် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ အထက်အဆင့်ဆင့်သို့ တက်ရောက်မှု နည်းပါးစေ ရေးနှင့် အောက်ခြေအဆင့်တွင် အမှုများပြီး ပြတ်မှုရှိစေရေးအတွက် မြို့နယ်အဆင့်ညှိနှိုင်းဖျန်ဖြေရာတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုလားချက်များအပေါ် ညှိနှိုင်းဖျန်ဖြေသူ ၏ အရည်အချင်းဖြင့် အတတ်နိုင်ဆုံး ပြေငြိမ်းမှု ရရှိ စေရေး ဖျန်ဖြေညှိနှိုင်းပေးခြင်း၊ WCC တိုးမြှင့်ဖွဲ့စည်းရေးနှင့် WCC တွင် အလုပ်ရှင်၊ အလုပ်သမားဆွေးနွေးညှိနှိုင်းမှု ပိုမိုလုပ်ဆောင်နိုင်ရေး အလေးထားတွန်းအားပေး ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပြီးနောက် ခုံသမာဓိအဖွဲ့များနှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များက လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။