နေပြည်တော်၊ ဇွန် လ ၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများမှ ဆရာဝန်များ၏ Medical Reform လုပ်ငန်းစဉ်များ ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၄-၆-၂၀၁၉ ရက်နေ့ နံနက်(၉:၀၀) နာရီ အချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ များ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သူ(၃၇) ဉီး တို့တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးတင်ကိုကိုမှ သင်တန်းဖွင့် ပွဲအမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသား/ သူများနှင့် မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်တရမှတ်တမ်းတင်ရိုက်ကူးကြပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းအား ၄-၆-၂၀၁၉ ရက်နေ့ (၁) ရက်တာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါကြောင်းသိရှိရပါသည်။
နေပြည်တော်၊ ဧပြီ ၂၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများနှင့် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ စုဝေးခန်းမ၌ ၂၈-၄-၂၀၁၈ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ မှ တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနရှိ ဝန်ထမ်းများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအသစ် ဦးဝင်းမြင့်၏ ကတိသစ္စာပြုခြင်းနှင့် မိန့်ခွန်းပြောကြားခြင်း၊ မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ပြောကြားခဲ့သည့် နိုင်ငံတော်၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒနှင့် လုပ်ငန်းစဉ်များအနက်မှ မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်သည့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၌ နှောင့်နှေးနေသည့်ဌာနများတွင် မိမိတို့ဝန်ကြီးဌာနပါဝင်မှု မရှိစေရေး၊ အလုပ်သမားများ၏ဘဝစိုပြေသာယာရေးအတွက် ရေတိုကာလမှာ အလုပ်သမားများ၏ လူမှုဖူလုံရေးရန်ပုံငွေကို အလုပ်သမားများအတွက်ထိထိရောက်ရောက်စီမံပေးနိုင်ရေး၊ ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းများမြှင့်မားရရှိလာအောင်ကြိုးစားဆောင်ရွက်ရေး၊ ပြည်ပရောက်မြန်မာ အလုပ်သမားများ၏ လုံခြုံဘေးကင်းမှု၊ အခွင့်အရေးရရှိခံစားနိုင်မှုတို့ကိုလည်း နိုင်ငံအချင်းအချင်း သဘောတူညီချက်တွေကိုအခြေခံပြီး မြှင့်တင်ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ဝန်ထမ်းများ အားလုံးမှအလေးအနက်ထား၍ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဝန်ထမ်းများအားလုံး အဂတိတရားကင်းရှင်းရန် နှင့် မိမိတို့၏လုပ်ငန်းများ အပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအားလုံးအရည်အချင်းရှိလာမှသာ ဦးစီးဌာနအားလုံးနှင့် ဝန်ကြီးဌာနလည်းတိုးတက်မည်ဖြစ်ပြီး သို့မှသာ အစိုးရအဖွဲ့နှင့် နိုင်ငံတော်ပါ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလသည် မီဒီယာခေတ်၊ အိုင်တီခေတ်ဖြစ်၍ တိုးတက်နေပြီဖြစ်သည့်အတွက် မည့်သည့်ကိစ္စကိုမျှ ဖုံးကွယ်၍မရကြောင်း၊ သို့ဖြစ်၍ မိမိတို့ဘက်မှ မှန်ကန်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အချို့မီဒီယာများမှ မဟုတ်မမှန်သတင်းများ စွပ်စွဲ ပြောကြားမှုရှိကြောင်း၊ မိမိတို့ဘက်မှ အသိတရားဆင်ခြင်၍ ကြိုတင်ကာကွယ်ရမည် ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနတွင် ဆက်ခံမည့်အနာဂတ်မျိုးဆက်သစ်များကို ရွေးချယ်၍ မွေးထုတ်ပေးနိုင် ရေး၊ အရည်အချင်းရှိသူများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရမည့်တာဝန်သည် မိမိတို့အကြီး အကဲများတွင် တာဝန်ရှိပါကြောင်း၊ အလုပ်သမားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့၏ တာဝန်ဖြစ်သကဲ့သို့ ကုသိုလ်လည်းရသည့် လုပ်ငန်းတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ဆောင်ရွက်ချက် အားနည်းချက်ကြောင့် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အလုပ်သမား တစ်ဦး နစ်နာဆုံးရှုံးမှုဖြစ်ပါက ထိုသူ၏မိသားစုနှင့် နိုင်ငံတော်အင်အားတွေပါ ဆုံးရှုံးနစ်နာမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဝန်ထမ်းများ၏ တိုးတက်ရာ တိုးတက်ကြောင်း တာဝန်ရှိသလို စေတနာလည်းရှိပါကြောင်း၊ ဌာနတိုးတက်ရာတိုးတက်ကြောင်း ဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အခက်အခဲများနှင့် အကြံဉာဏ်များရှိပါက အချိန်မရွေး၊ နေရာမရွေး တင်ပြကြရန် နှင့် အထက်အောက်၊ ဘေးဘယ်ညာ ပူးပေါင်းဆောင်ရွက်ပါက ပျော်ရွှင်ပြီး နိုင်ငံအတွက်အသုံးတည့်သည့် ဝန်ကြီးဌာနတစ်ခုဖြစ်အောင် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် ပြောကြားပြီး အခမ်းအနားကို (၁၀:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။