အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်  ဖေဖော်ဝါရီလ ၁ − ၂ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သည့် အလုပ်အကိုင်များရရှိရန်၊ ကျွမ်းကျင်အလုပ်သမားများ မွေးထုတ် ပေးနိုင်ရန်၊ လူမှုကာကွယ်စောင့်ရှောက်မှုနှင့် အလုပ်သမားများ၏ လူနေမှုဘဝဖွံ့ဖြိုးစေရေး ဆောင်ရွက် ပေးရန်နှင့် လုပ်ငန်းခွင်ငြိမ်းချမ်းသာယာရေး ကိစ္စရပ်များသည်လည်း ဝန်ကြီးဌာန၏ ဦးစားပေး ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များဖြစ်ပါကြောင်း၊ အလားတူလုပ်သားများအနေဖြင့် ကျွမ်းကျင် မှုများပိုမိုတိုးတက် လာစေရန်၊ လုပ်ငန်းခွင်အငြင်းပွားမှုများ လျော့နည်းကျဆင်းစေရန်၊ အလုပ်သမား များ ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိစေရန် အတွက် လည်း မိမိဝန်ကြီးဌာန၏ လုပ်ငန်းများ အနေဖြင့် သတ်မှတ်ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင်လည်း နိုင်ငံတော်၏ စီးပွားရေး မူဝါဒ၁၂ရပ်နှင့်အညီဆောင်ရွက်ရကြောင်း၊ အထူးသဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒတွင် အလုပ်အကိုင်အခွင့်အလမ်းများဖော်ထုတ်ပေးနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများသည့် စီးပွားရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးနိုင်ရန်နှင့် အသက်မွေးဝမ်းကြောင်းပညာရပ်များကို ဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်ရန်တို့ ပါဝင်သည်ကို အားလုံးသိရှိပြီးဖြစ်ပါ​ကြောင်း၊ထို့အပြင်ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ ဖြေလျော့ပေးနေသည်ဖြစ်သည့်အတွက်နောင်လာမည့်ကာလများတွင်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင်ရှိသည့် အလုပ်သမားရေးရာ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာမည်ဖြစ်၍ ဒေသ တာဝန်ခံများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပြုပြင်ပြောင်းလဲဆောင်ရွက်မှု များကို အချိန်နှင့်တပြေးညီသိရှိပြီးမိမိတို့၏ အခန်းကဏ္ဍတာဝန်များကို ကြေပွန်အောင်ကြိုးစားထမ်း ဆောင်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် ဒေသဆိုင်ရာအစိုးရအဖွဲ့များ၏ အားကိုး ယုံကြည်လေးစားမှုများရရှိရန် တာဝန်ခံမှုရှိသည့်ဌာန နှင့်ဝန်ထမ်းအကြီးအကဲများ ဖြစ်စေရန် ကြိုစားရန်လိုအပ်ပါ ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များတွင် ရွှေ့ပြောင်းသွားလာမှုများ၊ တဖက်နိုင်ငံများမှ ပြန်လည်လက်ခံမှုများနှင့် ပြည်တွင်းရွှေ့ပြောင်းသွားလာမှုများနှင့် ပြည်ပရွှေ့ပြောင်းသွားလာမှုများသည် တစ်နေ့တခြားပိုမိုများပြားလာသည့်အတွက်အဆိုပါအကြောင်းအရာနှင့်ပတ်သက်သည့်မိမိတို့ဝန်ကြီးဌာန သည်ပိုမို၍ အရေးပါသည့် အခန်းကဏ္ဍနေရာတွင်ရှိနေ၍ အခြားသောဌာနများနှင့်ပူးပေါင်း ဆောင်ရွက် ရန်နှင့်ဖြစ်ပေါ်ပြောင်းလဲတိုးတက်လာသည့် အခြေအနေများကိုသိရှိပြီး မိမိတို့ဌာနဆိုင်ရာ အကြီးအကဲ များကအလေးထား၍ အချိန်နှင့် တပြေးညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ဆက်လက်၍ အနည်းဆုံးအခကြေးငွေကိစ္စကို (၂)နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်မှာဖြစ်သည့် အတွက် ခေတ်နှင့်အညီ သတ်မှတ်နိုင်ရန် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ကြိုတင် ကျင်းပထားကြရန်လိုပါကြောင်း၊ အနည်းဆုံးအခကြေးငွေသတ်မှတ်မှုနဲ့ အကျုံးဝင်သည့် အလုပ်သမား များကိုလည်း သတ်မှတ်ချက်အတိုင်း လုပ်ခလစာများရရှိမှုရှိ/မရှိအား စက်ရုံ၊အလုပ်ရုံများသို့ သွားရောက် လေ့လာရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း လျာထားအင်အား(၃၀၀၀)ဦးအား အရည်အချင်း အကဲဖြတ်ရာတွင် လျာထားချက်ပြည့်မှီပြီး အရည် အချင်းပြည့်မှီစေရန် တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ပါကြောင်း၊ အလုပ်သမားများ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၂ ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံများ၊ အဖွဲ့အစည်းများနှင့်ပူပေါင်းပြီး အကောင်အထည်ဖော်ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုနည်းပါးလာစေရန် အတွက် လုပ်သားအင်အား ၃၀ အထက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ WCC များကိုတိုးချဲ့ဖွဲ့စည်းရန် လိုအပ်ပါကြောင်း  ပြည်ပအလုပ်အကိုင်နှင့် ပတ်သက်၍ မမှန်မကန် ဆောင်ရွက်နေသော အေဂျင်စီ၊ ပွဲစားများနှင့် ဥပဒေပါ ခံစားခွင့်များ၊ ရပိုင်ခွင့် များရရှိအောင် ဆောင်ရွက်ပေးမှုမရှိခြင်း၊ EC စာချုပ်ပါအတိုင်း မဆောင်ရွက် သည့် အလုပ်ရှင်များ ကိုလည်းထိရောက်စွာ အရေးယူ၍ ပြုလုပ်သွားဖို့လိုအပ်ပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင်၊အလုပ်သမားများ၏ အားကိုးယုံကြည်မှုရရှိအောင် ယခုဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်(၄)ရပ်ကို ဆက်လက်၍ အရှိန်အဟုန် မြင့်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှကျန်းမာရေးဆောင်ရွက်ချက်များနှင့် လိုက်လျော ညီထွေဖြစ်စေရန်လိုအပ်ပါကြောင်း၊ အလုပ်သမားများစိတ်ကျေနပ်မှုရှိစေရန် ကျန်းမာရေးစောင့်ရှောက်မှုများကို ယခုထက်ပိုမို ဆောင်ရွက်သွားကြရန်၊ ထည့်ဝင်ကြေးများ အတွက် IT စနစ်ကိုပြုပြင် ပြောင်းလဲနိုင်ရေးကို ဦးစားပေးလုပ်ငန်း တစ်ရပ်အနေဖြင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိ နိုင်ငံ အခြေအနေနှင့် ကိုက်ညီသည့် ပြည်စုံကောင်းမွန်သော မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံချက်ကို ထွက်ပေါ်လာအောင် ဆောင်ရွက်ရန်ဖြစ်ပြီး ကလေးအလုပ်သမားများအတွက် ပညာရေး၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် ၎င်းတို့မိသားစု၏ ဆင်းရဲမွဲတေမှုအခြေအနေများကိုလည်း ထည့်သွင်း ဆွေးနွေးဆောင်ရွက်ရန် လိုအပ် သကဲ့သို့လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လည်း တိုင်းဒေသကြီး၊ပြည်နယ်ဝန်ကြီးချုပ်များမှ အားကြိုးမာန်တက် ဆောင်ရွက်နေသည် ဖြစ်သည့် အတွက် မိမိတို့ဌာနဝန်ထမ်းများမှ သိရှိပြီးပါဝင်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း။

ကျွမ်းကျင် လုပ်သားများအား သတ်မှတ်လျာထားချက်အတိုင်း ဆောင်ရွက်သကဲ့သို့ ကျွမ်းကျင်လုပ်သားများ အတွက်ထိုက်သင့်သည့် အကျိုးခံစားခွင့်များရှိရန် စီမံဆောင်ရွက်သွားရန်၊ CMP ကြီးကြပ်ရေး ကော်မတီအစည်းအဝေးများကိုလည်းပုံမှန်ကျင်းပသွားရန်၊ အစိုးရ၊အလုပ်ရှင်၊ အလုပ်သမားသုံးပွင့် ဆိုင်ဆက်ဆံရေးပိုမိုကောင်းမွန်ရေးဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမား များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေများကိုလည်း ပြန်လည်သုံးသပ်သွားရန်၊ မိမိဌာနတွင်ကျင့်သုံး နေသည့်ဥပဒေများကို သတ်မှတ်ချက်များနှင့်အညီ ပြုပြင်ဆောင်ရွက်နေရတာဖြစ်ပြီး ထိုသို့ပြုပြင် ဆောင်ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများနှင့်ညှိနှိုင်းမှုများပြုလုပ်သည့်အပြင် လွှတ်တော်များ တွင်လည်းသွားရောက်ရှင်းလင်းရပါကြောင်း၊ မိမိဌာနမှထုတ်ပြန်ထားသည့် ဥပဒေများကိုထဲထဲဝင်ဝင် သိရှိရန် လိုအပ်ပါကြောင်း၊

ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျသုံးစွဲပြီး မှတ်တမ်းပြုစုထားရေး ကိုပါအလေးထားပြီး ဆောင်ရွက်သွားကြရန်၊ အမိန့်နှင့်ညွှန်ကြားချက်များအား သီးသန့်ဖိုင်ထားရှိပြီး ဝန်ထမ်းများအား အခါအားလျော်စွာ ရှင်းလင်းပြောကြားဆွေးနွေးပြောကြားရန် ၊ နိုင်ငံ့ဝန်ထမ်းများ သည် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စိတ်စေတနာ ထား၍ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဝန်ကြီးဌာန၏လုပ်ငန်းများအောင်မြင် ရန် ဌာနအားလုံးမှာရှိသည့် ဝန်ထမ်းများအားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့်ပူးပေါင်း၍ဆောင် ရွက်သွားကြ ရမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန် အပါအဝင် အလုပ်သမားရေးရာဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်တိုင်းဒေသကြီးပြည်နယ်ရုံးများမှ တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးများမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြပြီးအမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများကလုပ်ငန်းလိုအပ်ချက်များကိုဖြည့်စွက်ရှင်းလင်း တင်ပြကြသည်ပါသည်။ အဆိုပါအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။