အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဖေဖော်ဝါရီ ၂၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) မှ Liaison Officer ဖြစ်သူ Mr. Rory Mungoven ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) အနေဖြင့် အဓမ္မခိုင်း စေမှုပပျောက်ရေးလုပ်ငန်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်မှု၊ သင့်တော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေအစီအစဉ် Decent Work Country Programme – DWCP အောက်တွင် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရား (National Complaints Mechanism – NCM) အမြန်ဆုံးထူထောင်နိုင်ရေးကိစ္စရပ်များ ၂၀၀၇ ခုနှစ်မှ စတင်၍နှစ်စဉ် သက်တမ်းတိုးဆောင်ရွက်ခဲ့သော အဓမ္မခိုင်းစေမှုပပျောက်ရေးတိုင်ကြားမှုယန္တရားသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြီးဆုံးပြီဖြစ်၍ (National Complaints Mechanism – NCM) ထူထောင်နေဆဲကြားကာလတွင်အဓမ္မခိုင်းစေမှုများတိုင်ကြားဖြေရှင်းနိုင်ရေးအတွက်လုပ်ငန်းစီမံချက် (၁) ရပ် ရေးဆွဲအကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ယခင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines လာရောက် စဉ်ဆွေးနွေးခဲ့သည့်အတိုင်း ကလေးအလုပ်သမားပပျောက်ရေး Action Plan သည် ဝန်ကြီးဌာန တစ်ခုတည်းဖြင့် မလုံလောက်ပဲ အခြားသောဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ရန်အချိန်လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့်အဓမ္မခိုင်စေမှု တိုင်ကြားမှုယန္တရား (National Complaints Mechanism – NCM) ထူထောင်ရေးနှင့်ပတ်သက်၍ ယခင်ကျင်းပခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲများတွင်ပါဝင်ဆွေးနွေးခဲ့သည့် နိုင်ငံများ၏အတွေ့အကြုံများထဲမှ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အချက်များအားရယူပြီး ဝန်ကြီးဌာနမှ ဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်ရန် စတင်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊
အလုပ်ရုံဆွေးနွေးပွဲတွင်ဆွေးနွေးသည့်နိုင်ငံများအပြင် အခြားအာဆီယံနိုင်ငံများမှ အချက် အလက်များကိုလည်း ILO မှ အကူအညီရယူ ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ (National Complaints Mechanism – NCM) ကို အခြားနိုင်ငံများနည်းတူ မည်ကဲ့သို့ဖွဲ့စည်းမည်၊ ထိုသို့ဖွဲ့စည်း ရာတွင် ပြင်ဆင်ဖြည့်စွက်စရာရှိသည်များကို ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပမည့် (၁၀၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံသို့ တက်ရောက်မည့် အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ရေးကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆွေးနွေး ဆောင်ရွက်မှုများနှင့် လည်းကောင်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။