နေပြည်တော်၊ ဒီဇင်ဘာလ ၂၂ ရက်
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို ၂၂-၁၂-၂၀၂၃ ရက်နေ့၊ (၉း၀၀) နာရီ အချိန်တွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ စုပေါင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးများ နှင့် အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အလုပ်အမှု ဆောင်ကော်မတီ (ဥက္ကဋ္ဌ) လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြား ရာတွင် ပထမအကြိမ် အစည်းအဝေးတွင်လည်း အဖွဲ့ဝင်များမှ ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး၊ လူမှုဖူလုံရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီကို အဖွဲ့ဝင် (၁၁) ဦးဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးစီမံ ကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်ရှိခေတ်စနစ်အခြေအနေများ၊ နိုင်ငံတကာ နှင့် ရင်ဘောင်တန်းပြီး လိုက်ပါပြောင်းလဲ လုပ်ကိုင်ရသည့် အခြေအနေများ၊ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး အလုပ်အမှုဆောင်ကော်မတီ ၏ သဘောထားမှတ်ချက်၊ ဆွေးနွေးဆုံးဖြတ်ချက်များနှင့် အတည်ပြုချက်များကို ရယူဆောင်ရွက် ရမှာဖြစ်ပါ၍ ယနေ့ အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊
ယနေ့တွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)ရှိ ဌာနခွဲ (၇) ခုမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် ဆောင်ရွက်ပြီးစီးမှုကိစ္စရပ်များနှင့် ဆောင်ရွက်နေဆဲကိစ္စရပ်များနှင့်ပတ်သက်ပြီး မှတ်တမ်း တင် အတည်ပြုမည့် အမှာစာ (၂၅) စောင်၊ အဆုံးအဖြတ်ပေးရန်အမှာစာ (၂) စောင်၊ စုစုပေါင်းအမှာစာ (၂၇) စောင်ကိုဆွေးနွေး တင်ပြသွားမည်ဖြစ်ကြောင်း၊
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံ ကိန်းဖြစ်စေရန် မျှော်မှန်းပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေတွင် အာမခံစနစ် (၆) မျိုးကို ပြဋ္ဌာန်းထားသော်လည်း လက်ရှိ တွင် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နဲ့ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်ဆိုတဲ့ အာမခံစနစ် (၂) မျိုးကိုသာ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ လူမှုဖူလုံရေး အာမခံစနစ်များအရ နိုင်ငံတော်၊ အလုပ်ရှင်နဲ့ အလုပ်သမားတို့က စုပေါင်း အာမခံပြီး နိုင်ငံတော်ရဲ့ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ အလုပ်သမားများရဲ့ လူမှုဘဝလုံခြုံရေး အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်မြို့နယ်ပေါင်း (၁၂၂) မြို့နယ်ရှိပြီး အာမခံအလုပ်သမားပေါင်း (၁.၂၄) သန်းကျော် ရှိပါကြောင်း၊ အကျုံးဝင်အာမခံ အလုပ်သမားများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန်နှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ် ပေးနိုင်ရန်တို့အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များ တွင် ရုံးပေါင်း (၁၀၀) ရုံး၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အလုပ်သမား ဆေးရုံကြီး (၃) ရုံ၊ မြို့နယ်ဆေးခန်း (၉၆) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းနှင့် ဌာနကြီး ဆေးခန်း (၆၀) ခန်းတို့ကို ဖွင့်လှစ်ထားရှိကြောင်း၊
အာမခံအလုပ်သမားများအနေဖြင့် ပိုမိုထိရောက်ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ကို လက်လှမ်းမီရရှိနိုင်စေရန် ရည်ရွယ်၍ Provider Purchaser Split (PPS) စနစ်အရ ပုဂ္ဂလိက ဆေးခန်းများနှင့်ပူးပေါင်းပြီး စာချုပ်ချုပ်ဆိုဆောင်ရွက်သည့် Fee for Service Payment ဖြင့် ဆေးခန်း (၂၉) ခန်းနှင့် Capitation Payment ဖြင့် ဆေးခန်း (၂၄) ခန်း၊ အမျိုးသမီးအာမခံ အလုပ်သမားများ၏ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုများအတွက် စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၂) ခန်းနှင့် ရွေ့လျားဆေး ကုသယာဉ် Mobile Medical Unit-MMU (၂) စီးတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ISSA (International Social Security Association)၊ ASSA (ASEAN Social Security Association) တို့၌ အဖွဲ့ဝင်အဖြစ် ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည့်အပြင် မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) နှင့် ၁၃-၁၀-၂၀၂၀ ရက်နေ့တွင် MOC လက်မှတ်ရေးထိုး၍ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ လုပ်ငန်း ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းနှင့် အမြဲတမ်းမသန်စွမ်းဖြစ်ပွားခြင်းတို့အတွက် အကျိုးခံစားခွင့်များရရှိရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများမှ ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် တက် ရောက်၍ ဆေးကုသခဲ့ခြင်းကြောင့် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးကုန်ကျစရိတ်များကိုလည်း ဆေးဖိုး ပြန်လည် ပေးအမ်းခြင်း ဆိုင်ရာဘုတ်အဖွဲ့ဖြင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည် ပေးအမ်းလျက်ရှိပြီး အာမခံအမျိုးသမီးအလုပ်သမားများ၏ မီးဖွားခြင်းအတွက် ကုန်ကျစရိတ်များနှင့် မီးဖွားခြင်းဆိုင်ရာ ဆေးဖိုးပြန်လည်ပေးအမ်း မှုအတွက်နှုန်းထားများသတ်မှတ်၍ ပြန်လည်ပေးအမ်းလျက် ရှိပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ယနေ့ အစည်းအဝေး၌ ဆွေးနွေးတင်ပြချက်များအပေါ် တက်ရောက်လာကြသည့် လူမှုဖူလုံရေးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ကိုယ်စားလှယ်များမှ ကောင်းမွန်သည့်အကြံဉာဏ်နှင့် အတွေ့အကြုံကောင်းများကို မျှဝေပေးကြရန်နှင့် အလုပ်ရှင်၊ အလုပ်သမားများအားလုံး အကျိုးဖြစ်ထွန်း စေသည့် ဆွေးနွေးသုံးသပ် အကြံပြုချက်များ၊ အဆုံးအဖြတ်များပေးကြရန်နှင့် တိုက်တွန်းပြောကြား လိုကြောင်း၊
အလုပ်အမှုဆောင်ကော်မတီ (ဥက္ကဋ္ဌ)က နိဂုံးချုပ်မှာကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံထားသူ အလုပ်ရှင်နှင့်အလုပ်သမားများ အားကိုးအားထားပြုထိုက်သည့် ဌာနတစ်ခုဖြစ်စေရန်နှင့် ယခုထက် ပိုမိုကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင် မှုများနှင့် ငွေကြေးအကျိုးခံစားခွင့်များ ပေးနိုင်ရေးအတွက် လူမှုဖူလုံရေးဆေးရုံကြီးများ၊ ဆေးခန်း များနှင့် မြို့နယ်ရုံးများကို အဆင့်မြှင့်တင်ခြင်း၊ အကျုံးဝင်နယ်မြေဒေသများ တိုးချဲ့သတ်မှတ်ခြင်း တို့ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊
လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်တဲ့ စီမံကိန်းဖြစ်စေရန်ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်စေရန် ယနေ့အစည်း အဝေးကို တက်ရောက်လာကြတဲ့ အစိုးရဌာနများမှ ကော်မတီဝင်များနှင့် Online မှ တက်ရောက် ခဲ့သည့် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမား အဖွဲ့အစည်းတို့မှ ကော်မတီဝင်များအနေနဲ့ မိမိတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းနယ်ပယ် အသီးသီးမှ လိုအပ်တဲ့နေရာများမှ လူမှုဖူလုံရေး အဖွဲ့နဲ့အတူ ဆက်လက်ပြီး လက်တွဲပူးပေါင်း ဆောင်ရွက် ပေးသွားကြဖို့ တိုက်တွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။