အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေး မှူးများနှင့် အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အလုပ်အမှုဆောင် ကော်မတီ(ဥက္ကဋ္ဌ) လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြား ရာတွင် လူမှုဖူလုံရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီကို အဖွဲ့ဝင်(၁၁) ဦးဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးစီမံကိန်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လက်ရှိခေတ်စနစ် အခြေအနေများ၊ နိုင်ငံတကာနှင့် ရင်ဘောင် တန်းပြီး လိုက်ပါပြောင်းလဲလုပ်ကိုင်ရသည့် အခြေအနေများ၊ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး အလုပ်အမှုဆောင်ကော်မတီ၏ သဘောထား မှတ်ချက်၊ ဆွေးနွေးဆုံးဖြတ်ချက်များနှင့် အတည်ပြုချက်များကို ရယူဆောင်ရွက်ရမည်ဖြစ်၍ ယနေ့အစည်းအဝေးကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊
လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်စေရန် မျှော်မှန်းပြီး ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေအရ ၁-၁-၁၉၅၆ ရက်နေ့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအကျုံးဝင်အလုပ်ဌာနများရှိ အာမခံအလုပ်သမားများ၏ လူမှုစီးပွား ဖူလုံစေရေးအတွက် သင့်လျော်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုး ခံစားခွင့်များကို ပေးအပ်နိုင်စေရေးအတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ပြင်ဆင် ရေးဆွဲကာ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ သက်တမ်း အားဖြင့် (၆၇) နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေတွင် အာမခံစနစ် (၆)မျိုးကို ပြဋ္ဌာန်းထားသော်လည်း လက်ရှိတွင် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံ စားခွင့် အာမခံစနစ်ဆိုသည့် အာမခံစနစ်(၂)မျိုးကိုသာ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူမှုဖူလုံရေးအာမခံစနစ်များအရ နိုင်ငံတော်၊ အလုပ်ရှင်နှင့် အလုပ်သမား များမှ စုပေါင်းအာမခံပြီး နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း၊ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြု ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူမှုဖူလုံရေးစီမံကိန်းတွင် အကျုံးဝင် မြို့နယ်ပေါင်း (၁၁၉) မြို့နယ်ရှိပြီး အာမခံအလုပ်သမားပေါင်း (၁.၂၂) သန်းကျော်ရှိပါကြောင်း၊ အကျုံးဝင်အာမခံ အလုပ်သမားများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန်နှင့် ငွေကြေး အကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေးနိုင်ရန်တို့အတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် ရုံးပေါင်း (၁၀၀) ရုံး၊ မြို့နယ်ဆေးခန်း (၉၆) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းနှင့် ဌာနကြီးဆေးခန်း (၆၀) ခန်းတို့ကို ဖွင့်လှစ်ထားရှိကြောင်း၊
အာမခံအလုပ်သမားများအနေဖြင့် ပိုမိုထိရောက်ကောင်းမွန်သည့် ကျန်းမာရေး ဝန်ဆောင် မှုများကို လက်လှမ်းမီရရှိနိုင်စေရန် ရည်ရွယ်၍ Provider Purchaser Split (PPS) စနစ်အရ ပြင်ပပုဂ္ဂလိက ဆေးခန်းများနှင့်ပူးပေါင်းပြီး Fee for Service Payment ဖြင့် ဆေးခန်း (၁၄) ခန်း နှင့် Capitation Payment ဖြင့် ဆေးခန်း (၂၆) ခန်း၊ အမျိုးသမီးအာမခံ အလုပ်သမားများ၏ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုများအတွက် စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၀)ခန်းနှင့် ရွေ့လျား ဆေးကုသယာဉ် Mobile Medical Unit-MMU (၂) စီးတို့ဖြင့် ကျန်းမာရေးဝန် ဆောင်မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ထို့အပြင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်မှု များကို တုံ့ပြန်နိုင်ရေးအတွက် လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ကိုဗစ်-၁၉ ကာလအတွင်း Quarantine ဝင်ရောက်ရသည့် အာမခံအလုပ်သမား များအတွက် မကျန်းမာမှုအကျိုးခံစားခွင့် ၆၀% အတွက် ငွေကျပ်သန်း (၃၇၁.၄၀၉) ကိုလည်းကောင်း၊ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% အတွက် ငွေကျပ်သန်း (၇၁,၀၂၀.၆၁) ကိုလည်းကောင်း ခွင့်ပြုထုတ် ပေးခဲ့ပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှု အရှိန်အဟုန်မပျက်စေရန် ရည်ရွယ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အာမခံ အလုပ်သမားများအားလုံး ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊
အာမခံအလုပ်သမားများမှ စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးကုန်ကျစရိတ်များကိုလည်း ပြန်လည် ပေးအမ်းလျက်ရှိပြီး အာမခံအမျိုးသမီးအလုပ်သမားများ၏ မီးဖွားခြင်းအတွက် ကုန်ကျ စရိတ်များကို ခံစားခွင့်ရရှိနိုင်စေရန်ရည်ရွယ်၍ ရိုးရိုးမီးဖွားခြင်းအတွက် ငွေကျပ် ၃၀၀,၀၀၀ ၊ ခွဲစိတ်မီးဖွားခြင်းအတွက် ငွေကျပ် ၅၅၀,၀၀၀၊ လေစုပ်/ ညှပ်ဆွဲမီးဖွားခြင်းအတွက် ငွေကျပ် ၃၂၀,၀၀၀၊ ကိုယ်ဝန်ပျက်ကျခြင်းအတွက် ငွေကျပ် ၂၈၀,၀၀၀ နှင့် နေရာလွဲမှားသန္ဓေတည် ခြင်း အတွက် ငွေကျပ် ၅၀၀,၀၀၀ အဖြစ် သတ်မှတ်၍ ဆေးဖိုးများ ပြန်လည်ပေးအမ်းလျက်ရှိကြောင်း၊
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံထားသူ အလုပ်ရှင်နှင့် အလုပ်သမားများ အားကိုးအား ထားပြုထိုက်သည့် ဌာနတစ်ခုဖြစ်စေရန်နှင့် ယခုထက် ပိုမိုကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင်မှုများနှင့် ငွေကြေးအကျိုးခံစားခွင့်များ ပေးနိုင်ရေးအတွက် လူမှုဖူလုံရေးဆေးရုံကြီး များ၊ ဆေးခန်းများနှင့် မြို့နယ်ရုံးများကို အဆင့်မြှင့်တင်ခြင်း၊ အကျုံးဝင်နယ်မြေဒေသများ တိုးချဲ့သတ်မှတ်ခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊
နိုင်ငံတော်မှဆောင်ရွက်နေသည့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးလုပ်ငန်းစဉ်အတွက် အဓိက အရေးပါသည့် Social Protection လုပ်ငန်းစဉ်၏ Social Insurance အရ ဆောင်ရွက်သည့် လူမှုဖူလုံရေးစီမံကိန်းအား ရေရှည်စဉ်ဆက် မပြတ်လုပ်ဆောင်သွားနိုင်ရန် နိုင်ငံတော်ကချမှတ် ထားသည့် မူဝါဒလမ်းစဉ်များနှင့်အညီ လူမှုကာကွယ်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာကိုယ်စား လှယ်များက ကောင်းမွန်သည့်အကြံဉာဏ်နှင့် အတွေ့အကြုံကောင်းများကို မျှဝေပေးကြရန်နှင့် နိုင်ငံတော်၊ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ရှေ့ရှုပြီး ပွင့်ပွင့်လင်းလင်းဖြင့် အတူတကွ ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးညှိနှိုင်းပေးသွားကြရန် Constructive ဖြစ်သည့် ဆွေးနွေးသုံးသပ် အကြံပြုချက်များ၊ အဆုံးအဖြတ်များပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေး တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ပါသည်။