နေပြည်တော် ဇူလိုင် ၂၃
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် အခြေခံကောင်းများကို အသုံးချ၍ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်လာ မည်ဖြစ်ကြောင်း လမ်းညွှန်းချက်နှင့်အညီ အလုပ်သမားဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှေ့ အလုပ်သမား ဝန်ကြီးဌာန၊ ယာယီဝန်ထမ်းအိမ်ရာအနီး မင်္ဂလာကန်၌ မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာန၊ အဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက မင်္ဂလာကန်အတွင်းသို့ ငါးမျိုးများ ဦးဆောင်၍ စိုက်ထည့်ပေးခဲ့ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာန၊ အဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများက ငါးမျိုးများ စုပေါင်းစိုက်ထည့်ခဲ့ကြသည်။
အလုပ်သမားဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲတွင် ငါးမြစ်ချင်းနှင့် ငါးသား ပေါက်ကောင်ရေ ၂၀၀၀၀ ကို စိုက်ထည့်ခဲ့ကြောင်း သတင်းရရှိသည်။

