နေပြည်တော် ဇွန် ၁၆
ယနေ့နေ့လယ်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ဝန်ကြီး ဌာနလက်အောက်ရှိ ဦးစီးဌာန/အဖွဲ့ရုံးများမှ ငလျင်ဒဏ်သင့် ဝန်ထမ်းများအား ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ အမြဲတမ်းတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ငလျင် ဒဏ်သင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူ၊ ပျောက်ဆုံးနေသူနှင့် ပျက်စီး ဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက် ပျက်စီးခဲ့သဖြင့် ယာယီရုံးများဆောက်လုပ်ခြင်း၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် BASHA ဆောက်လုပ်ခြင်း၊ Modular House တပ်ဆင်ခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများသည် ငလျင်ဒဏ်သင့် ပြည်ထောင်စုနယ်မြေ၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ တောင်ငူ၊ ကျောက်ဆည်၊ တောင်ကြီး၊ မိတ္ထီလာမြို့များသို့ သွားရောက်ပြီး ဝန်ထမ်း များနှင့် မိသားစုဝင်များကို တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ ထောက်ပံ့ကြေးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းတို့အပြင် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယနေ့အခမ်းအနားမှာ နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းများအား ထောက်ပံ့ ငွေပေးအပ်ခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် စိတ်ခွန်အားမြင့်မား၍ အစွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ငလျင် ဒဏ်သင့် ဝန်ထမ်း (၁၁) ဦးကို တစ်ဦးလျှင် ကျပ် (၅) သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။