အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                      ဇွန် ၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးညိုစော နှင့်အတူ တက်ရောက်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည် တာတာစတန်ဒေသ(Republic of Tatarstan) ကာဇန်မြို့ရှိ အလာဘူဂါ အထူးစီးပွားရေးဇုန် (Alabuga Special Economic Zone)မှ ကိုယ်စားလှယ် Mr. Konstantin Trifonov နှင့် ၇-၆-၂၀၂၆ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Welton Hotel ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၏ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်သားများ ခေါ်ယူမည့် ကိစ္စရပ် များ၊ အလုပ်သမားရေးရာ MoU ရေးထိုးနိုင်ရေးဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် မြန်မာ လုပ်သားများ အလုပ်လုပ်ကိုင်နေကြသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။