အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          နိုဝင်ဘာ ၂၄

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်တိုင်း ဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ Myanmar Dihuali Garment Co.,Ltd၊Myanmar Fortress Wealth Garment Co.,Ltd၊ Myanmar Dixinda Garment Co.,Ltdနှင့် Myanmar Hua Da Garment Co.,Ltd အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုပြီး လုပ်သားများအားတွေ့ဆုံအားပေး၍ ရွေ့လျားဆေးကုသယာဉ်(MMU) ဖြင့်ဆေးကုသ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီးက စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများအားတွေ့ဆုံ၍ လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ် သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည်  အလုပ်သမားရေးရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်၍ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်စေတနာထားပြီး ယုံကြည်မှုရှိရှိဆောင်ရွက်ရန်လိုကြောင်း၊

လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကိုမြှင့်တင်ပေးနိုင် သောကြောင့် အလုပ်ရှင်၊ အလုပ်သမားများ အကြား အပြန်အလှန် အလေးထား  ဆောင်ရွက်ကြရန် နှင့် အလုပ်သမားရေးရာ ကိစ္စများနှင့်စပ်လျဉ်း၍ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ စက်ရုံများ အတွင်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် အာမခံအလုပ်သမားများအား ဆေးဝါးကုသဆောင်ရွက်ပေးမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်