နေပြည်တော် အောက်တိုဘာလ ၂၄
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ရန်ကုန် တိုင်း ဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်း ကျင် မှု လေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)တွင် ဂဟေဆက်သင်တန်းအမှတ်စဉ်(၄/၂၀၂၄)နှင့် လေအေးပေးစက် တပ်ဆင်/ ပြုပြင် ခြင်းသင်တန်းအမှတ်စဉ်(၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ သည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်မည့် TVET အစီအစဉ်များနှင့် စွမ်းဆောင်ရည်မြှင့်တင် ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး၊ ဒေသအလိုက် ပညာရှင်များစုဖွဲ့၍ အစီအမံများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် MSMEများအတွက် ကျွမ်းကျင်လုပ်သား လိုအပ်မှု နည်းပညာလိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန် မှာကြား ထားရှိ ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်းများ တည်ထောင်ဖွင့်လှစ်ပြီး လုပ်သား ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အသက် မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိ ကြောင်း၊
မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှု များပေးနိုင်ရန်နှင့် ပညာရေး အခွင့်အလမ်းများ၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ယူမှု အခွင့်အလမ်းများရရှိပြီး သင့်တော်ကောင်းမွန်သော အလုပ် အကိုင်များ ရရှိစေနိုင်ရန် အမျိုးသား အဆင့်လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီး ပေးရေး လုပ်ငန်းကော်မတီသည် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃) ပထမငါးနှစ် စီမံချက်ကာလအတွင်းတွင် လူငယ် များအတွက် ကျွမ်းကျင်မှုသင်တန်း (၃၀) ကြိမ်ကို သင်တန်းသား (၇၇၆) ဦးဖြင့် ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူ ပါကြောင်း၊
ယခုသင်တန်းတွင် ပါဝင်တက်ရောက်ကြမည့် သင်တန်းသား လူငယ်များအနေဖြင့် လုပ်ငန်းဆိုင်ရာ စာတွေ့အသိပညာ ဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ လေ့လာဆောင်ရွက်ကြရန်နှင့် သင်တန်းပြီးမြောက်ချိန်တွင် လက်တွေ့လုပ်ငန်းခွင်များ၌ ပြန်လည်အသုံးချ လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ ASIA OPTICAL စက်ရုံသို့ သွားရောက်ခဲ့ရာ စက်ရုံမှ တာဝန်ရှိ သူများ နှင့်တွေ့ဆုံ၍ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်း ပွားမှုလျော့နည်းပပျောက်စေရေး၊ တည်ဆဲအလုပ် သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ စက်ရုံတွင်း အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ လုပ်ငန်း ခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြား ခဲ့ပြီး စက်ရုံတွင်း လှည့်လည်ကြည့်ရှုပြီး အလုပ်သမားများ လုပ်ငန်းခွင်အတွင်း အေးချမ်းစွာ လုပ်ကိုင်နေမှု အခြေ အနေများကိုကြည့်ရှု့အားပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကာ ထိုင်းနိုင်ငံ၊ ကိုးရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင် အလုပ်သမားများအားတွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက သွားရောက်မည့်နိုင်ငံများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ များ၊ သက်ဆိုင်ရာ နိုင်ငံများ၏ ဥပဒေများ၊ လုပ်ငန်းခွင်အတွင်း ဆောင်ရန်/ ရှောင်ရန်အချက်များ သင်ကြားပို့ချနေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ခလစာ၏ ၂၅% ကို မိသားစုဝင်များ (သို့မဟုတ်) မိမိ၏ မြန်မာနိုင်ငံရှိ ငွေစာရင်းများသို့ တရားဝင်ဘဏ် စနစ်မှတစ်ဆင့် လွှဲပို့နိုင်ရေး ဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်း ကျောင်းဝင်းအတွင်း သန့်ရှင်း သပ်ရပ် မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။