အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                ဇန်နဝါရီ ၁၂

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တွင် ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ ပူးပေါင်းကြီး ကြပ်မှုဖြင့် မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှု အားပေးခဲ့သည်။

          ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းကဏ္ဍအသီးသီးတွင် လိုအပ် လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများကို တည်ထောင်ဖွင့်လှစ်ကာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် လုပ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ကို ၁၉၇၂ ခုနှစ်မှ စတင်တည် ထောင်ပြီး အတတ်ပညာဆိုင်ရာ ဆရာဖြစ်သင်တန်းများ၊ ကြီးကြပ်ရေးမှူးသင်တန်း၊ ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေးသင်တန်းနှင့် လုပ်ငန်းကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းနည်းစနစ်သင် တန်းများကို ၁၉၈၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံ့စီးပွားရေး စနစ်ပြုပြင် ပြောင်းလဲမှုနှင့်အတူ လူငယ်လူရွယ်များအတွက် အလုပ်အကိုင်များ တိုးတက်ရရှိ စေရေး ကျွမ်းကျင်မှုသင်တန်းများကို စီမံချက်ဖြင့် ဖွင့်လှစ်၍ ရန်ကင်းသင်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်အတွင်း လျှပ်စစ်၊ အဲကွန်း၊ ဂဟေဆက်၊ မော်တော်ယာဉ်စက်ပြင်၊ ကြွေပြားကပ် သင်တန်း (၅) မျိုးကို (၃၅) ကြိမ် ဖွင့်လှစ်၍ သင်တန်းသား ကျား (၈၂၂) ဦး၊ မ (၆၀) ဦး၊ စုစုပေါင်း (၈၈၂) ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းကို ထည့်သွင်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းအမျိုးအစား (၆) မျိုးအတွက် သင်တန်း (၁၉) ကြိမ် ဖွင့်လှစ်၍ သင်တန်းသား ၄၅၀ ဦး မွေးထုတ်ပေးရန် လျာထားကြောင်း၊ သင်တန်းသားများ အနေဖြင့် မိမိဘဝရပ်တည်ချက် ခိုင်မာစေရေးအတွက် အသက်မွေးဝမ်းကျောင်းအတတ်ပညာကို ကြိုးစားသင်ယူရန် လိုအပ်ကြောင်း၊ တစ်စိုက်မတ်မတ် လေ့လာဆောင်ရွက်သွားမှသာ ရေရှည် တွင် အောင်မြင်တိုးတက်မှုရရှိမည်ဖြစ်ကြောင်း၊ မိမိလုပ်ကိုင်ရသော အလုပ်ကို စိတ်စေနာကောင်း ဖြင့် စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့်  လုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိမှု၊ စည်းကမ်းကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပါက ပိုမိုအောင်မြင်မည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကင်းသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ကြည့်ရှု့အားပေးကာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားများ လိုအပ်နေပြီး မြန်မာနိုင်ငံ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက် ရေးသည် များစွာအရေးကြီးကြောင်း၊ လူငယ်များအား ကျွမ်းကျင်လုပ်သားများအဖြစ် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ယူမှုအခွင့်အလမ်းများ တိုးတက်ရရှိစေရန်နှင့် သင့်တော် ကောင်းမွန်သော အလုပ်အကိုင်များ ရရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး သင်တန်းများ စီစဉ်ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိဘဝအတွက် ရည်မှန်းချက်ထားကာ နည်းပြဆရာများ သင်ကြားပို့ချသည့် အသိပညာ၊ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို စနစ်တကျ မှတ်သားလိုက်နာရန် လမ်းညွှန်ပြောကြားပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းရှိ သင်တန်းအဆောက်အဉီများကို ကြည့်ရှု့စစ်ဆေးခဲ့ရာ သင်တန်းကျောင်းတာဝန်ခံက ကျွမ်းကျင်မှု သင်တန်းများအတွက် လက်တွေ့အလုပ်ရုံ (၄) ခုရှိကြောင်း၊ National Skills Development Center အဆောက်အဉီအား ၂၀၁၅ ခုနှစ်တွင် တိုးချဲ့တည်ဆောက်ခဲ့ပြီး စာတွေ့ခန်းမအဖြစ် အသုံးပြုနေကြောင်း၊ မော်တော်ယာဉ်စက်ပြင်အလုပ်ရုံကို ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်တည်ဆောက် ထားပြီး ဆောက်လုပ်ရေးသင်တန်းများအတွက် လက်တွေ့ဆောင်များ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သင်တန်းအဆောက်အဦ များ ရေရှည်သုံးစွဲနိုင်ရေး စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် အရည်အသွေးအာမခံ ချက်ရှိပြီး အဆင့်မီသော ကျွမ်းကျင်မှုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ရန် ခေတ်မီသင်တန်းခန်းမအဖြစ် စဉ်ဆက်မပြတ်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ဖြည့်တင်း၍ နည်းပြအရာရှိများမှ လေ့လာမှုအားကောင်းစွာဖြင့် ပညာဆည်းပူးပြီး သင်တန်းသားများကို မျှဝေရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။