အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                             စက်တင်ဘာလ  ၂၀

လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  စက်ရုံ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ(WCC)၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည်  အလုပ်သမား ရေးရာ ဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်၍ လုပ်သားများ သက်သာချောင်ချိမှုနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး အတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက်ရန်လိုကြောင်း၊

          CMP လုပ်ငန်းသာမက  အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် SME လုပ်ငန်းများကို ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခွင့်ပြုပေးလျက်ရှိရာ သက်ဆိုင်ရာဦးစီးဌာနများ၏ စနစ်တကျ စည်းကြပ် ဆောင်ရွက်ပေးမှုကို အလေးထားလိုက်နာ၍ စက်ရုံရှိ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊  အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတို့သည် အလုပ်ရှင်နှင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အပြန်အလှန် စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှသာ  မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုများ လျော့နည်းကျဆင်းပြီး  ကျန်းမာ သန်စွမ်းသည့် လုပ်သားများနှင့် သန့်ရှင်းသပ်ရပ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့်  လုပ်ငန်းခွင် သည် ကုန်ထုတ်စွမ်းအား တိုးတက်ရေးကို များစွာအထောက်အကူ ပြုနိုင်ကြောင်း၊ လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်မှုသည် စက်ရုံ၏ ကုန် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက်ရန်လိုကြောင်း အလုပ်သမားရေးရာ ကိစ္စနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း၊ အလုပ်ရှင် နှင့်အလုပ်သမားများ ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိထားရန်လိုပြီး အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်သားများကို ကြီးကြပ်သူများမှ အထက်အောက် မျှတစွာ စီမံအုပ်ချုပ်ရန်နှင့် အလုပ်ရှင်၊အလုပ်သမား နွေးထွေး သည့် ဆက်ဆံမှု သည် စက်ရုံ၊ အလုပ်ရုံ၏ ပုံရိပ်ကို များစွာ သက်ရောက်မှု ရှိစေနိုင်ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။