အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                    ဒီဇင်ဘာ ၁။

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာတာဝန်ရှိသူများ လိုက်ပါ ၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းနှင့် မော်တော်ယာဉ်ပြုပြင်သင်တန်းများသို့ သွားရောက် ၍ သင်တန်းသား ၅၂ ဦးကို ကြည့်ရှုအားပေးခဲ့သည်။

          ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ် သားများမွေးထုတ်၍ လုပ်သားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်သည်နှင့်အမျှ နိုင်ငံတော်၊ အလုပ်ရှင်နှင့် ကာယကံရှင်လုပ်သားများအတွက် များစွာအကျိုးရှိကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအား ဒေသတွင်းစီးပွားရေး လုပ်ငန်းများနှင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာလုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ လုပ်ခလစာများရရှိပြီး မိသားစုဝင်ငွေများ တိုးတက်စေရန် ရည်ရွယ်၍ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှု သင်တန်းများကို ဦးစီးဌာန၏ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်းများတွင် စဉ်ဆက် မပြတ် ပို့ချစေခဲ့ကြောင်း၊

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) သင်တန်းကျောင်းမှ သင်တန်းအမျိုးအစား (၅) မျိုးကို သင်တန်း (၁၂) ကြိမ်ပို့ချခဲ့ပြီး  သင်တန်း သား ၃၃၅ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလထိ သင်တန်းအမျိုးအစား (၅) မျိုးကို သင်တန်း ၁၄ ကြိမ်ဖွင့်လှစ်၍  သင်တန်းသား      ကျား ၃၂၄ ဦးနှင့် မ ၈ ဦး ပေါင်း ၃၃၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် စားသောက် ဆိုင်ဝန်ဆောင်မှုသင်တန်းကို ထည့်သွင်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းအမျိုး အစား (၆) မျိုး အတွက် သင်တန်း (၁၉) ကြိမ်ဖွင့်လှစ်၍ သင်တန်းသား ၄၅၀ ဦး မွေးထုတ်ပေးရန် လျာထားကြောင်း၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်ပါ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးအတွက် လုပ်သားထု၏ စွမ်းအားသည် များစွာအရေးပါကြောင်း၊ သင်တန်းဆင်းပြီးပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး မိမိတို့တတ်ကျွမ်းထားသည့် ပညာရပ်ကို အသုံးချကာ အသက်မွေးဝမ်းကျောင်းပြု၍  မိသားစုလူမှုဘဝတိုးတက်မြင့်မား စေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့်  စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုရန်လိုကြောင်း  အား ပေးပြောကြားခဲ့သည်။

          နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း (ရန်ကင်း) တွင် လေအေးပေးစက်တပ်ဆင်ခြင်း ကျွမ်းကျင်မှု အဆင့် (၁) အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူ (၃၂) ဦးကို  စစ်ဆေးအကဲဖြတ်နေခြင်းအား  ကြည့်ရှုအားပေး၍  မှာကြားရာတွင် လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်  မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) တွင် အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် ဆောင်ရွက်နေပြီး ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းကို အဆင့် (၄) ဆင့်ဖြင့် စစ်ဆေးအကဲ ဖြတ်နေကြောင်း၊

          ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) သည် NSSA အသိအမှတ်ပြု လေအေးပေးစက်တပ်ဆင်ပြုပြင်သူ ကျွမ်းကျင်မှုအဆင့် (၁) စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး စစ်ဆေးအကဲဖြတ်မှု ၃၂ ကြိမ်တွင် ဖြေဆိုသူ ၈၁၃ ဦး ရှိပြီး စစ်ဆေးအကဲဖြတ် အောင်မြင်သူ ၆၉၉ ဦးသာရှိကြောင်း၊

          လျှပ်စစ်ကျွမ်းကျင်လုပ်သား၊ ဂဟေဆက်လုပ်သား၊ ကြွေပြားကပ်လုပ်သားနှင့် သံချည် သံကွေးလုပ်သားအတွက် အလုပ်အကိုင်အမျိုးအစားအလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေး ဌာနများ တည်ထောင်၍ ကျွမ်းကျင်မှုရှိပြီးဖြစ်သော လုပ်သားများကို ကျွမ်းကျင်မှုအဆင့် သတ် မှတ်ပေးနိုင်ရေး စစ်ဆေးအကဲဖြတ်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

၂၀၂၃ ခုနှစ်အတွင်း လေအေးပေးစက်တပ်ဆင်သူ ကျွမ်းကျင်မှုအဆင့် (၁)၊ အဆင့် (၂) နှင့် ကြွေပြားကပ်အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့် (၁) တို့ စစ်ဆေးအကဲဖြတ်ခဲ့ရာ ဖြေဆိုသူ ၁၀၅ ဦးအနက် အောင်မြင်သူ ၁၀၄ ဦးရှိပြီး လက်တွေ့လုပ်ငန်းခွင်များတွင် ယုံကြည်ချက်အပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ NSSA အသိအမှတ်ပြု လက်မှတ်ရရှိထားခြင်းအားဖြင့် အလုပ် ရှင်များ၏ အားကိုးယုံကြည်မှု ရရှိနိုင်သောကြောင့် လုပ်ငန်းခွင်မှ အဆင့်မီလုပ်သားများကို  အချိန်မဆိုင်းဘဲ  စစ်ဆေးအကဲဖြတ်ခြင်းတွင် ဝင်ရောက်ဖြေဆိုနိုင်ရေး အသိပေးပြောကြားရန်  တိုက်တွန်းခဲ့ပါသည်။