အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                    ဩဂုတ်လ  ၃၀

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်း သားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာ ထမ်းများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ အနောက်ပိုင်းမြို့နယ်ရှိ Gold Emperor Co.,Ltd ဖိနပ်စက်ရုံနှင့် Universal Apparel Co.,Ltd အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံနှင့် Sen Yu Clothing Corporation Co.,Ltd အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ဒုတိယဝန်ကြီးအား စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊  ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မ တီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ  ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။

ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ အပါအဝင် စက်ရုံ၊ အလုပ်ရုံများ ဖွံ့ဖြိုးတိုးတက် စေရေး ကြီးကြပ်ရေးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ CMP လုပ်ငန်း စနစ်တကျ ရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း၊ ဆပ်ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေး တွေ့ရှိ ချက်အစီရင်ခံစာကို သက်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဦးစားပေးဆောင်ရွက်ရန်  လမ်းညွှန်မှာကြားချက်နှင့်အညီ ပုဂ္ဂလိက လုပ်ငန်းများ တိုးတက် စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ယူ၊ တာဝန်ခံခြင်းဖြင့် တက်ညီလက်ညီ အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက် ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေး တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့သည်။

စက်ရုံ တာဝန်ခံများ၊ မန်နေဂျာများ၊  ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမား အဖွဲ့ အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း ရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် နေမှု၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး၊ လုပ်သားများ၏ သက်သာချောင်ချိရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် နားလည်ယုံကြည်မှု၊ စေတနာပါမှုတို့ဖြင့် ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှုအားပေး၍ စက်ရုံတာဝန်ရှိသူများအား နိုင်ငံတော်မှ MSME စက်မှုလုပ်ငန်းများကို အားပေးကူညီ၍ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဦးတည်ဆောင်ရွက်နေ ကြောင်း၊ CMP လုပ်ငန်းများအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင် သည့် SME လုပ်ငန်းများကို မြန်မာလုပ်သားထုနှင့် နိုင်ငံတော်အတွက် ရေတိုရေရှည်အကျိုး ဖြစ်ထွန်းစေရေး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခွင့်ပြုပေးနေကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနများ၏ စနစ်တကျ စည်းကြပ်ဆောင်ရွက်ပေးမှုကို အလေးထားလိုက်နာရန် နှင့် စက်ရုံရှိ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊  အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတို့သည် အလုပ်ရှင်နှင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အပြန်အလှန် ယုံကြည်မှုဖြင့်  စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးကို လုပ်သားအားလုံး သိရှိနားလည်မှသာ  မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုများ လျော့နည်းကျဆင်းစေ၍  ကျန်းမာသန်စွမ်းသည့် လုပ်သားများနှင့် သန့်ရှင်း သပ်ရပ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်  လုပ်ငန်းခွင်သည် ကုန်ထုတ်စွမ်းအား တိုးတက်ရေးကို များစွာအထောက်အကူ ပြုနိုင်ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုသည် စက်ရုံ၏ ကုန် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက် ရန်လိုကြောင်း အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေး ဆက်သွယ်နိုင် ကြောင်း၊ အလုပ်ရှင်နှင့်အလုပ်သမားများ ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိထားရန်လိုပြီး အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်သားများကို ကြီးကြပ်သူများမှ အထက်အောက် မျှတစွာ စီမံအုပ်ချုပ်ရန်နှင့် အလုပ်ရှင်၊ အလုပ်ရှင်မှ တာဝန် ပေးအပ်ထားသည့် စက်ရုံ၊ အလုပ်ရုံ တာဝန်ခံများက လုပ်သားများနှင့် နွေးထွေးစွာ ဆက်ဆံ ပြောဆိုရန်လိုကြောင်း မှာကြားခဲ့သည်ဟု သိရှိရပါသည်။