အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                     ဩဂုတ်လ  ၂၉

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း ရန်ကင်း၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းနှင့် မော်တော် ယာဉ်စက်ပြင်သင်တန်း ပို့ချနေမှုများကို သွားရောက်အားပေး၍ နေ့လယ်ပိုင်းတွင် မင်္ဂလာဒုံစက်မှုဇုန်ရှိ Honey Garment Factory 1 Co.,Ltd နှင့် K.M.H Co.,Ltd အထည် ချုပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေး၍ လုပ်သားများနှင့်တွေ့ဆုံအားပေးခဲ့ပါသည်။      

        ဒုတိယဝန်ကြီးမှ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းသား များနှင့်တွေ့ဆုံစဉ် NSSA မှတ်ပုံတင်ထားသည့် သင်တန်းကျောင်း ၂၁ ကျောင်းနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရရှိထားပြီး NSSA အသိအမှတ်ပြုမှတ်ပုံတင် ထားသည့် သင်တန်းကျောင်း ၁၄ ကျောင်းရှိကြောင်း၊ သင်တန်းကျောင်းအလိုက် ဆောက် လုပ်ရေးလုပ်သားနှင့် လက်သမားသင်တန်း၊ ငြမ်းစင်သင်တန်း၊ ကြွေပြားကပ်သင်တန်း၊ ပိုက်ဆက်သင်တန်း၊ အုတ်စီသင်တန်း၊ ကျောက်ပုန်းရိုက်လုပ်သားသင်တန်း၊ အဆောက် အအုံ လျှပ်စစ်ဒီဇိုင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အထည်ချုပ်သင်တန်း၊ အရောင်း ဆိုင်၊ ငွေကိုင်သင်တန်း၊ ဧည့်ကြိုလုပ်သားသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး လုပ်သားသင်တန်း၊ စက်ကိရိယာကိုင်တွယ်မောင်းနှင်သူသင်တန်း၊ အခြေခံမော်တော် ယာဉ်စက်ပြင်နှင့် အဆင့်မြင့်မော်တော်ယာဉ်စက်ပြင်သင်တန်းစသဖြင့် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊

        သင်တန်းဆင်းလုပ်သားများအနေဖြင့် သင်တန်းမှ ပို့ချပေးခဲ့သည့် သင်ခန်းစာများ ကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချရန်နှင့် ခေတ်နှင့်အညီ စဉ်ဆက် မပြတ်လေ့လာ ဆည်းပူးရမည်ဖြစ်ကြောင်း၊

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံများသို့ သွားရောက်၍ စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊  ကြီးကြပ်ရေးမှူးများနှင့် စက်ရုံ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြမှုအပေါ်  လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဦးစားပေးဆောင်ရွက်ရန်  လမ်းညွှန်မှာကြားချက်နှင့်အညီ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ယူ၊ တာဝန်ခံခြင်းဖြင့် တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် သန့်ရှင်းသပ်ရပ်သော လုပ်ငန်းခွင်တည်ဆောက်ရေး၊  အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေး တည်ဆဲအလုပ် သမားရေးရာဥပဒေ များနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးခဲ့သည်ဟု သိရှိရပါသည်။