အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                           ဇွန် ၂၄         

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်း သားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံ အရာထမ်းများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် လေအေးပေးစက်ပြုပြင်တပ်ဆင်ခြင်းသင်တန်းနှင့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်၍ စနစ်တကျသင်ကြားပို့ချမှုကို အလေးထားမှတ်သားပြီး လုပ်ငန်း ခွင်တွင် ထိရောက်စွာအသုံးချနိုင်ရေး၊ မိမိတို့ လူနေမှုဘဝမြင့်မားစေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူရန် မှာကြားခဲ့သည်။

ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိရေးအတွက် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် အေဂျင်စီများကို စည်းကြပ်ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများကျင်းပပေးခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများတွင် လုပ်သားများအတွက် လုပ်ခလစာနှင့် အချိန်ပိုအခကြေးငွေများ၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွားခွင့်များ ဥပဒေနှင့်အညီ ခံစားစေခြင်း၊ MSME လုပ်ငန်းတွင် အဓိက လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု ‘စံ’ သတ်မှတ် ပြဌာန်းရေးအဖွဲ့ NSSA ၏ဦးဆောင်မှုဖြင့် ဘဏ္ဍာနှစ်အလိုက်မွေးထုတ်ပေးခြင်း၊ အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးတို့အတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဖွဲ့စည်း၍ အသိပညာပေးခြင်း၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများ ကို သက်ဆိုင်ရာ အာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊

သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများ၏ ပို့ချမှုများကို အလေးထားမှတ်သား ၍ လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချရန်လိုကြောင်း၊အလုပ်သင်၊ အစမ်းခန့်လုပ်သားဘဝတွင် လုပ်သက်ရင့်လုပ်သားများ၏ သင်ကြားပေးမှုကို လေးစားစွာသင်ယူရန်နှင့် ယခုတက်ရောက် သည့် သင်တန်းပြီးဆုံးချိန်တွင် သင်တန်းမှပို့ချသည့်သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် ဟန်ချက်ညီ အသုံးချခြင်းဖြင့် အလုပ်ရှင်၏ ယုံကြည်ကိုးစားမှု ရယူစေလိုကြောင်း၊ မည်သည့် သက်မွေးဝမ်းကြောင်းအလုပ်အကိုင်မဆို အာရုံစိုက်မှု၊ စေတနာထားမှု၊ အချိန်မီပြီးစီးမှု၊ အရည်အသွေးကောင်းမွန်မှုတို့သည် အလုပ်အပ်သူအတွက် ကျေနပ်မှုရရှိစေရန်လိုပြီး လုပ်သား များ၏ ကောင်းသတင်းကို မှတ်ကျောက်အတင်ခံရန်လိုကြောင်း၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ခံယူချက်ဖြင့် မိမိအလုပ်အကိုင်အပေါ် တန်ဖိုးထားပြီး အရည်အသွေး မြှင့်တင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှသာ သိက္ခာရှိစွာရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းဆင်းများအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် မိမိတို့ လူနေမှုဘဝ တိုးတက်မြင့်မားစေနိုင်သည်ကို လုပ်အားဖြင့် သက်သေပြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေးအတွက် တည်ဆဲအလုပ်သမား ရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက်  ကမာရွတ်မြို့နယ်ရှိ  National Management Academy နှင့် ဗဟန်းမြို့နယ်ရှိ Shin Rai International Vocational Institute သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ သင်တန်းကျောင်းတာဝန်ခံများက သင်တန်းကျောင်းစတင်ဖွင့်လှစ်မှုနှင့် ဖွင့်လှစ်ပြီး သင်တန်းများ၊ ဖွင့်လှစ်ဆဲသင်တန်းများအခြေအနေ၊ ရှေ့ဆက်ဖွင့်လှစ်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအသောက် တည်ခင်းဧည့်ခံခြင်းသင်တန်း၊ ဧည့်ကြိုသင်တန်းများကို တက်ရောက်ပြီးသူများအနေဖြင့် ဧည့်သည်များကို ကောင်းမွန်သည့် ဝန်ဆောင်မှုပေးရန် အထောက်အကူဖြစ်မည်ဟု ယုံကြည် ကြောင်း၊ လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့် အခက်အခဲများကို ကောင်းစွာ ဖြေရှင်းပေးနိုင်ရေး အသုံးချစေလိုကြောင်း၊ အလားတူ ဂဟေဆက်သင်တန်းဆင်းများအနေဖြင့် လုပ်ငန်းခွင်၌  ကျွမ်းကျင်သူအဆင့်သို့ ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဂဟေဆက်ကျွမ်းကျင်လုပ်သား များကို ပြည်တွင်း၌သာမက ပြည်ပတွင်ပါ လုပ်ငန်းရှင်များက ထိုက်တန်သည့် လုပ်ခလစာ ချီးမြှင့်ပေးနေကြောင်း၊  လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေ ရေးအတွက် ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်မှုသည် များစွာအရေးပါသဖြင့် သင်တန်းဆင်း ပြီးသည်နှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာပြီး အလုပ်ရှင်မှ အားကိုးယုံကြည်မှုရရှိရေး အလေး ထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။