အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                 ဇွန် ၁၉။       

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဉပဒေစစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

          အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများတက်‌ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ရည်မှန်းချက်များ၊ ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ သိရှိစေရန်၊ ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိစေရန်၊ ရုံးလုပ်ငန်း များကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် မိမိတာဝန်ယူရသည့် အဖွဲ့အစည်းအား စနစ်တကျမှန်ကန်စွာ ဦးစီးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊

သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်း ဆိုင်ရာ စည်းမျည်းစည်းကမ်းများ၊ ရှေးဦးစုံစမ်းမှု သင်ခန်းစာ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု သင်ခန်းစာ၊ ငွေစာရင်းဘာသာရပ်၊ ပြည်ထောင်စုစာရင်းချုပ်ရုံးမှ သင်ကြားပို့ချခြင်း၊ အဂတိလိုက် စားမှု တားဆီးကာကွယ်ရေး အသိပညာပေးခြင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ဘာသာရပ်များကို ပို့ချခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းများဖြင့် သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သိရှိလေ့လာသင်ယူခဲ့မှုများကို လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်နှင့် သင်တန်းသားအချင်းချင်း အသိ အမြင်များ၊ ဗဟုသုတများ၊ အတွေ့အကြုံများကို ဖလှယ်၍ ဝန်ကြီးဌာန၏ ပုံရိပ်ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊

အရာထမ်း၊ အမှုထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အတွက် ဗဟုသုတနှင့် ကျွမ်းကျင်မှုအရည်အသွေးများ ပြည့်ဝစေရန် လေ့လာသင်ယူမှုသည် အရေးကြီးကြောင်း၊ ပြည်သူ့အကျိုးစီးပွား ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို သိရှိပြီး ဌာန၊ အဖွဲ့အစည်းအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှုကို အထောက်အကူပြုနိုင်သူများဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာ၍ ဌာန၊ အဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမှာ ဖြစ်သည့်အတွက် နိုင်ငံ့ ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်အားထားမှု ပိုမိုရရှိလာအောင် ဝန်ထမ်းအားလုံးက ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အား ပေးအပ်ထားသည့် တာဝန်ဝတ္တရားများ နှင့်အညီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ တာဝန်ကျေပွန်စွာ ထမ်းဆောင်မှု၊ ရိုးဖြောင့်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ အထက်ဌာနများက ချမှတ်ထားသည့် မူဝါဒများ၊ ညွှန်ကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ မရသောကြောင့် ရုံးဌာနများ အလိုက်၊ အဖွဲ့အစည်းများအလိုက် ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြ ရန်၊ မိမိတို့၏ ရာထူးအဆင့်နှင့်အညီ အထက်အကြီးအကဲ ကွပ်ကဲမှုအနည်းဆုံးဖြင့် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို In House Training System ဖြင့် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ သင်တန်းသား အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၃၂) ဦးတို့အား ၁၉-၆-၂၀၂၃ ရက်နေ့မှ ၂၆-၆-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။