အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                   မတ် ၉

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ အလုပ်သမား ဆက်ဆံရေးဆိုင်ရာ အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းခွင်မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၉-၃-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)၌ အလုပ်သမားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်း နည်းပြများ၊ အရာထမ်း၊ အမှုထမ်းများအပါအဝင် စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် အငြင်းပွားမှုများ ဖြေရှင်း ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် အချက်များနှင့် သိရှိသင့်သည့်အချက်များအား နားလည်သိရှိစေခြင်းဖြင့် နောင်တွင် အငြင်းပွားမှုများကို တာဝန်ခံ အဖြစ် ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်၊  ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်  ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို နားလည်သိရှိခြင်းဖြင့် အလုပ်သမားဆက်ဆံရေးဆိုင်ရာဝန်ထမ်းများ၏ ရုံးလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာမည်ဖြစ်ပါကြောင်း၊  ယခုပြုလုပ်သည့် စွမ်းဆောင်ရည်မြှင့် သင်တန်းတွင် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို ကိုင်တွယ် ဖြေရှင်းရာ၌ ကျင့်သုံးရသည့် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများ အပြင် ပြင်ပမှ သင်တန်းနည်းပြများအဖြစ် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများက နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့်အချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များ၊ တရားစွဲ ဆိုမှုဆိုင်ရာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊

လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့် မွမ်းမံသင်တန်းများ၊ အသိပညာပေးမှုများကို စဉ်ဆက် မပြတ်ဆောင်ရွက်ခြင်းဖြင့် Human Resource Development ကို အားဖြည့်ရာရောက်သည့် အတွက် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊  ဝန်ထမ်းများ အနေဖြင့် မျိုးဆက်သစ်လူငယ်များ ဖြစ်သောပြီး မိမိဝန်ကြီးဌာန၊ ဦးစီးဌာန၏ ပုံရိပ်ကောင်းမွန် စေရေး အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ သင်တန်းတွင် သာမက မိမိတို့၏ လုပ်ငန်းနယ်ပယ်များတွင်လည်း စဉ်ဆက်မပြတ် လေ့လာသင်ယူသွားရမည်ဖြစ် ကြောင်း၊ လုပ်ငန်းခွင် မွမ်းမံသင်တန်းများမှတစ်ဆင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် အချက်များ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များ၊ ရုံးလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ကြီးဌာန၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို နားလည်သိရှိခြင်းဖြင့် အလုပ်သမားဆက်ဆံရေးဆိုင်ရာ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာပြီး တာဝန်ခံအရာရှိများအတွက် အထောက်အကူပြုနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေမည့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးသည့် သင်တန်းတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း(၅၇)ဦးဖြင့် မတ်လ(၉)ရက်နေ့မှ (၁၅)နေ့ထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။